DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်ဆေးထိုးမပေးသည့် အလုပ်ရှင်များ အရေးယူခံရမည်
DVB
·
November 16, 2021
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်ဆေးထိုးမပေးသည့် အလုပ်ရှင်များ အရေးယူခံရမည်
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် ရာနဲ့ချီတွေ့နေရပြီး အများစုမှာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြတဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား တွေကို ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးဖို့၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံဖို့  ခရိုင်ကိုဗစ် ၁၉ အခြေအနေထိန်းချုပ်ကွပ်ကဲရေးကော်မတီက ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

 ခရိုင်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေဟာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းအရှိန်မြှင့်တဲ့အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ မှ ၁၄ ရက်  ချင်းမိုင် အနီရောင်ဇုန်တွေမှာ ATK စနစ်နဲ့ ကိုဗစ်- ၁၉ လိုက်လံစစ်ဆေးရှာဖွေခဲ့ကြပြီး လူပေါင်း ၁၇၅၃ ဦး စစ်ဆေးရာမှာ ၆၉ ဦး ပေါ့စ်တစ်ဖြစ်ပြီး အများစုက ရွှေ့ပြောင်းလုပ်သားတွေလို့ ခရိုင်ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးမှူး ဒေါက်တာ ဆုန်ယုဒ် ခန်းချိုင်းက ပြောပါတယ်။ 

ဒါကြောင့်  နိုဝင်ဘာ ၁၇ ရက်နေ့ကစလို့ ရပ်ကွက် နဲ့ လုပ်ငန်းခွင်၊ ဆောက်လုပ်ရေးလုပ်ငန်း ခွင်တွေမှာ ၁ ပတ်ကနေ ၂ ပတ်ထိ ကွင်းဆင်းစစ်ဆေးဖို့ရှိကြောင်း၊  ကွင်းဆင်းမယ့်အဖွဲ့ပေါင်း ၂၀ ဖွဲ့၊ ကာကွယ်ဆေးထိုးမယ့်အဖွဲ့ ၄ ဖွဲ့ရှိကာ အိမ်တိုင်ရာရောက် တံခါးခေါက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားအား ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးတာနဲ့ ကာကွယ်ဆေးထိုးနှံတာ လုပ်ပေးရမှာဖြစ်ကြောင်း၊ တိုက်တွန်းနှိုးဆော်ကာလ ၁၄ ရက် ကျော်လွန်လို့ မလိုက်နာပါက ကူးစက်ရောဂါကာကွယ်ရေးဥပဒေအရရော၊ ခရိုင် ကိုဗစ်-၁၉ အခြေအနေထိ န်းချုပ်ကွပ်ကဲရေးကော်မတီရဲ့ အမိန့်ဖီဆန်မှုနဲ့ပါ အရေးယူခံရမယ်လို့  ဆိုပါတယ်။ 

ချင်းမိုင်ခရိုင်မှာ ပိုးတွေ့လူနာတွေပိုများလာပြီး ရောဂါပြင်းထန်တဲ့ (အနီရောင်အဆင့်) လူနာ ပါတိုးလာတာကြောင့်  ပို့တွေ့သူများ သပ်သပ်ခွဲထားတဲ့ သီးသန့်စင်တာမှာ အရေးပေါ်လူနာကုဖို့ ခုတင် ၅၀ ပါ အိုင်စီယူခန်း ထပ်တိုးထားရပါတယ်။  

နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ချင်းမိုင်မှာ ပိုးကူးစက်ခံရသူ နောက်ထပ် ၃၃၉ ဦးရှိပြီး သေဆုံးသူမရှိပါဘူး။ ဒီနေ့ထိ ပိုးကူးစက်ခံရသူစုစုပေါင်း ၂၃၀၉၅ ဦးရှိပြီး ၁၇၉၂၅ ဦး သက်သာပျောက်ကင်းကာ သေဆုံးသူ ၉၁ ဦး ရှိပါတယ်။ 

နေ့စဉ်ပိုးတွေ့လူနာ ရာနဲ့ချီရှိနေပေမယ့် လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် လွိုင်ကထုန်းပွဲ တော်ကိုတော့ ရုပ်သိမ်းမယ့်သတင်းတွေ မတွေ့ရသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013