DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်က မှုခင်းသတင်းထောက်နှင့်ဇနီး ပစ်ခတ်ခံရ
DVB
·
November 16, 2021
မြို့သစ်မြို့နယ်က မှုခင်းသတင်းထောက်နှင့်ဇနီး ပစ်ခတ်ခံရ
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့မှာနေထိုင်တဲ့ မှုခင်းသတင်းထောက်နဲ့ဇနီးတို့ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

မြို့သစ်မြို့မှာ နေထိုင်တဲ့ မှုခင်းသတင်းထောက် ဦးလှိုင်မြင့်ထွန်း(ခ)လှိုင်ဘွားနဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့ပိုင်ဆိုင်တဲ့ ဘိုက်ထရပ်မော်တော်ယာဉ်နဲ့ မြို့သစ်မြို့ကိုပြန်လာစဉ် လမ်းမှာပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက “လှိုင်ဘွားကော သူ့မိန်းမကော ဒဏ်ရာအနည်းငယ်ပဲရတယ်။ သူ့မိန်းမကတော့ နည်းနည်းပိုပြင်းတာပေါ့။ ကားမှာတော့ ကျည်ဆံရာ ၁၅ ချက်လောက်တွေ့တယ်။ သူက အရင်ကတည်းက ရဲတွေနဲ့ပေါင်းနေတာ။ အာဏာသိမ်းပြီးနောက်ပိုင်းလည်း စစ်တပ်သတင်းပေးလုပ်နေလို့ သတိပေးနေရတာ။ အဲ့ဒါလည်း သူက မဆင်ခြင်ဘူးလေဗျာ။ တော်သေးတာပေါ့၊ အသက်မသေတာ ကံကောင်းတယ်ပြောရမှာ” လို့ ပြောပါတယ်။

ပစ်ခတ်ခံရ ဦးလှိုင်မြင့်ထွန်းဟာ ရဲထွက်တဦးဖြစ်ပြီး ယခင်ကတည်းက လှိုင်ဘွားအမည်နဲ့ မှုခင်းသတင်းဂျာနယ်အပါအဝင် အခြားဂျာနယ်တွေမှာလည်း သတင်းရေးသားခဲ့သူတဦး ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပေမယ့် လက်ရှိအချိန်မှာ သတင်းရေးသားနေသူ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေသခံတဦးက “ဒီကောင်က မြို့အတွက်မရှိသင့်တဲ့ ဒလန်ကောင်။ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီ။ မြို့အတွက် ဘာကောင်းကျိုးမှပြုခဲ့တာမရှိဘူး။ သတင်းထောက်လိုလို ဘာလိုလိုနဲ့ သူများ မသထာရေစာစားနေတဲ့ကောင်။ ရဲနဲ့ပေါင်းစားနေတဲ့ ဒလန်လောင်” လို့ မှတ်ချက်ပြုပြော ပါတယ်။

အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မြို့သစ်မြို့နယ်အတွင်းမှာ စစ်ကောင်စီသတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေကလည်း သံသယတွေနဲ့ မြို့သစ်မြို့နယ်ထဲက ကျေးရွာတချို့ကို ဝင်ရောက်စီးနင်းတာတွေရှိနေလို့ ဒေသခံတွေ အခက်တွေ့နေရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013