DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းကို အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
November 15, 2021
ရေလယ်ကျွန်းကို အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းခိုင်ရဲ့နေအိမ် နိုဝင်ဘာ ၁၄ ရက်နေ့ညက မီးရှို့ခံရတာကြောင့် အကြမ်းဖက်စစ်တပ်က စစ်ကား ၅ စီး၊ အင်အားက ခန့်မှန်းခြေ ၆၀ လာက် လက်နက်ကြီးငယ်တွေနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၅ နာရီလောက် ယာဉ်များကို တဖက်ကမ်းမှာ ထားခဲ့ပြီး ရေလယ်ကျွန်းကို ခြေလျင်ချီတက်လာကြစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၇ နာရီလောက်မှာ တစ်ခါ ဝါဘိုးအနီးမှာ ဗုံးပေါက်သံကြားတယ်။ ညက ဒလန်အုပ်ချုပ်ရေးမှူးရဲ့ အိမ်မီးလောင်တာကြောင့် လာပုံရတယ်။ နောက်တစ်ခုက ဟိုနေ့က ပခန်းစခန်းကို သိမ်းခံလိုက်တာကြောင့် ပိုမိုတင်းကြပ်လာမယ့် သဘောရှိတယ်။” 

စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့  မသိရသေးဘူးလို့ ဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီစစ်ကြောင်းဟာ ငါးတရော် ကျေးရွာအတွင်း ဝင်ရောက် မွှေနှောက်ရှာဖွေမှုတွေ ပြုလုပ်ကာ တပ်သား ၁၀ ယောက်လောက် ချန်ထားခဲ့ပြီး ဆက်လက်ချီတက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပခန်းငယ် ရဲစခန်းကို ရေစကြို PDF တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး သေနတ်နှစ်လတ်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။  အဲဒီစခန်းမှာလည်း အင်အားအများအပြားနဲ့ လုံခြုံရေးချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့ ဂွေဂုဏ်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ဟာ ရာထူးက နုတ်ထွက်ပေမယ့်လည်း ဆက်လက်တာဝန်ထမ်းဆောင်နေတာကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့ည ၉ နာရီအချိန်လောက် People Force Yesagyo က ဗုံးခွဲသတိပေးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့ မိုးကွဲကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးတင်ဝင်းရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီသတင်းပေး ဆက်လက်မလုပ်ကိုင်စေဖို့ သိန်းငှက်ပျောက်ကျားအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဗုံးခွဲသတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013