DVB Logo
Home
မြန်မာသတင်း
ဖားကန့်ရှိ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်း ၁ ခု ကို ကေအိုင်အေသိမ်းပိုက်
DVB
·
November 15, 2021
ဖားကန့်ရှိ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်း ၁ ခု ကို ကေအိုင်အေသိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်  (KIA)  သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

ဖားကန့်မြို့နယ်၊ နမ်ဂျန်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို KIA တပ်တွေက နိုဝင်ဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်စခန်းတစ်ခုကိုတော့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ကျန်နှစ်ခုကိုတော့ မြေပြင်သတင်းတွေ တက်မလာသေးတာကြောင့် သိမ်းနိုင်မှုရှိ၊ မရှိ အတည်ပြုလို့မရသေးဘူးလို့ဆိုပါတယ်။

"အဲဒီတပ်စခန်းတွေက အင်အား ငါးဆယ်အောက်ရှိတဲ့ တပ်စခန်းငယ်လေးတွေပါ။ ဒါပေမဲ့ စစ်ရေးအရ အရေးပါတဲ့တပ်စခန်းတွေဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့တပ်စခန်းတွေ ဝင်တိုက်ခံရပြီးနောက်မှာ ဖားကန့်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ကေအိုင်အေထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်း-လီဒိုလမ်းမဘက်မှာလည်း စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013