DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် စစ်တပ်သတင်းပေးဆိုသူ ၈ ဦး ပစ်ခတ်ခံရ
DVB
·
November 14, 2021
မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် စစ်တပ်သတင်းပေးဆိုသူ ၈ ဦး ပစ်ခတ်ခံရ
Donate to DVB

မန္တလေးတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာ ရာအိမ်မှူး ၁ ဦးအပါအဝင် စစ်ကောင်သတင်းပေးဆိုသူ ၈ ဦး နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းလောက်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း သဲဖြူဝိုင်းရပ်ကွက်မှာနေတဲ့ စစ်သတင်းပေး ဒလန်ဆိုသူ ဦးသန်းလှိုင်တို့လင်မယားနဲ့သား ၂ ဦးပစ်ခတ်ခံရပြီး မိသားစုဝင် ၄ ဦးလုံး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သေနတ်နဲ့ဝင်ပစ်သွားတာ။ သူတို့ လင်မယားရယ်၊ သားနှစ်ယောက်ရယ်  သတ်ခံရတာ။ ပြီးတော့  မီးရှို့ သွားတယ်။"

ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ အလောင်းတွေကို လူမှုကူညီရေး အသင်းကားနဲ့သယ်ဆောင်သွားခဲ့ပြီး နေအိမ်မှာ စစ်​ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း အောင်နီလာ (၁)ရပ်ကွက်က စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ကြီးသူ ကိုနေလင်းအောင် နေအိမ်မှာလည်း နိုဝင်ဘာ ၁၄ရက်နေ့ မနက် ပိုင်းက ဗုံးခွဲခံရ တယ်လို့ သိရပါတယ်။

"အိမ်ကလူမရှိဘူး၊ အိမ်ရဲ့ကားဂိုဒေါင်မှာပေါက်သွားတာ၊ လူထိခိုက်တာမရှိဘူး" လို့ ဒေသခံတစ် ဦးက ပြောပါတယ်။ ကိုနေလင်းအောင်နေအိမ်ရဲ့ ကားဂိုဒေါင်ဘက်မှာ ပေါက်ကွဲခဲ့ပြီး အပျက်စီး အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ  နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီ သတင်းပေးဒလန်လို့ နာမည်ထွက်နေသူ တင်မျိုးထွန်း (ခ) ချက်ဖောင်းဆိုသူဟာ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "ချက်ဖောင်းက သတင်းပေးဒလန်ဆိုပြီး နာမည်ထွက်နေတာ။ မနက်က  လက်ဖက်ရည် ထိုင်သောက်နေတုန်း သေနတ်နဲ့ ပစ်သွားတာ။ ပွဲချင်းပြီးပဲ။  ဘယ်သူပစ်သွားတာလဲတော့ မသိဘူး" လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့  သေဆုံးသူ  တင်မျိုးထွန်း(ခ)ချက်ဖောင်းဟာ  ကြံ့ခိုင်ရေးပါတီဝင်တစ်ဦ ဖြစ်တယ်လို့ ဒေသခံတွေက ပြောနေပေမဲ့  သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် မြဂိုးကျေးရွာမှာလည်း နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီသတင်းပေးဒလန်လို့ နာမည်ထွက်နေသူ အမျိုးသားတစ်ဦး  သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကျောင်းသားကြီး (ခ) ကိုဇော်ဆန်းဟာ  မြဂိုးကျေးရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်က  ထွက်လာစဉ် အမည်မသိ အဖွဲ့ က  သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့သွားခဲ့တာလို့ မြဂိုးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်၊ အလယ်ရွာ ဒလန်ဟုထင်ပေါ်ကျော်ကြားနေတဲ့ ရာအိမ်မှူး တင်စိုး နိုဝင်ဘာ ၁၃ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံ ပို့ဆောင်လိုက်​ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရာအိမ်မှူး တင်စိုး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး အနီးနားတစ်ဝိုက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လှိုင်သာမြို့နယ် နိုဝင်ဘာ ၁၃ ရက်နေ့က  အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပစ်ခတ်ခံရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013