DVB Logo
Home
မြန်မာသတင်း
ရေဦးနှင့် ဘုတလင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၇ ဦး သေဆုံး
DVB
·
November 14, 2021
ရေဦးနှင့် ဘုတလင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၇ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဘုတလင်မြို့နယ်တို့မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပဲယင်းဘက်က တောနင်းလာတဲ့ အင်အား ၁၀၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရေဦးမြို့၊ ညောင်လည်ကျေးရွာထိပ် မူးဘောင်တံတားမှာ နိုဝင်ဘာ ၁၄ ရက် မနက် ၉ နာရီ လောက်က ရေဦး မြို့ပြပြောက်ကျားအဖွဲ့ (YUG) နဲ့ ဝေဟင်စွန်ရဲအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီကျော်ကျော်လောက်က ဖြစ်တာ။ ဒီပဲယင်းဘက်ကို ရဟတ်ယာဉ်နဲ့ ချထားခဲ့တဲ့ စစ်တပ်က ကျနော်တို့ ရေဦးနယ်ဘက်ကို တောနင်းလာတာ ကြိုစောင့်ပြီး ပဒေသာမိုင်း ၃ လုံး ဆွဲလိုက်တာပဲ၊ ၅ ဦးကတော့ အနည်းဆုံးသေတယ်။” 

မိုင်းဆွဲတိုက်ခိုက်ပြီး ပြည်သူ့တော်လှန်ရေးအဖွဲ့အားလုံး အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ပေမဲ့ အကြမ်းဖက်စစ်တပ်က ညောင်လည်ကျေးရွာအတွင်းဝင်ပြီး နေအိမ်တွေကို မီးရှို့နေကြသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေကြတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်က ရေဦးမြို့နယ် ရေမြက်ကျေးရွာက နေအိမ်တွေကိုလည်း ၀င်ရောက်ရှာဖွေ ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာနဲ့ ကူတော်ကျေးရွာကြားမှာလည်း စစ်ကောင်စီတပ်က စစ်ကား ၂ စီးနဲ့ ဆိုင်ကယ် ၃ စီးကို ဒီနေ့ မွန်းတည့် ၁၂ နာရီလောက် ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကူတော်ဘက်ကနေ စစ်ကားနှစ်စီးရယ်၊ အဲဒီနောက်ကနေ ဆိုက်ကယ် FZ အမျိုးစားတစ်စီး၊ ရိုရိုးဆိုက်ကယ် တစ်စီး၊ မောင်ထောင်ကျေးရွာဘက်ကို လာတာကို ကျနော်တို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးတပ်က တပ်သားတစ်ယောက်တည်း မိုင်ဆွဲတာလုပ်ခဲ့တယ်။” 

အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီး မောင်ထောင်ကျေးရွာကနေ ဒေသခံတောင်သူလုပ်ငန်းက ပြန်လာတဲ့ လူငယ်နှစ်ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်က PDF  အဖြစ် စွပ်စွဲပြိး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်နဲ့ ဘုတလင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013