DVB Logo
Home
မြန်မာသတင်း
မိုးကုတ် CDM ဆရာမများကို လိုင်းခန်းမှမောင်းထုတ်၊ ကျောင်းပြန်မတက်လျှင် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်
DVB
·
November 14, 2021
မိုးကုတ် CDM ဆရာမများကို လိုင်းခန်းမှမောင်းထုတ်၊ ကျောင်းပြန်မတက်လျှင် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးကျောင်းက CDM ဆရာ၊ ဆရာမတွေကို ရွှံပန်းဝန်ထမ်း​လိုင်းခန်း ကနေ အတင်းအကျပ်ဖယ်ရှားခိုင်းနေပြီး ကျောင်းပြန်မတက်ပါက စစ်ကောင်စီတပ်ကို သတင်းပေး လာဖမ်းခိုင်းမယ်ဆိုပြီး Non CDM အထက်တန်းကျောင်းအုပ်ဒေါ်စန်းစန်းဦးက ခြိမ်း​ခြောက်နေတယ်လို့ သိရပါတယ်။ 

"လယ်ဦးကျောင်းက CDM ဆရာမတွေကို ဝန်ထမ်းလိုင်းခန်းကနေ စာထုတ်ပြီး ဖယ်ခိုင်းတယ်၊ CDM ဆရာမတွေကို ကျောင်းပြန်တက်ခိုင်းတယ်၊ မတက်ရင်စစ်သားတွေကို ခေါ်ပြီး ဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်တယ်" လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အတင်းအကြပ်စာထုတ်ပြီး ဖယ်ရှားခိုင်းနေတဲ့ ကျောင်းအုပ်ဒေါ်စန်းစန်းဦးဟာ CDM မလုပ်တာကြောင့် အလယ်တန်းပြ ကျောင်းအုပ်ကနေ အထက်တန်းပြ ကျောင်းအုပ်ရာထူးကို ရရှိလာတာလို့ ဆိုပါတယ်။ 

ရွှံပန်းရပ်ကွက်က ဝန်ထမ်းလိုင်းခန်းမှာနေနေကြတဲ့ CDM ဆရာ၊ ဆရာမ ၁၀ ဦးရှိပြီး အတင်းအကျပ်ဖယ်ရှားခိုင်းနေတာကြောင့် နေထိုင်ဖို့ အခက်ခဲတွေရှိနေတယ်လို့ အကူညီပေးနေသူတဦးက ပြောပါတယ်။

"ဆရာမ ၂ ယောက်ကတော့ မောင်းထုတ်တဲ့ နေ့ကတည်းက နေရပ်ပြန်သွားတယ်။ ကျန်တဲ့ဆရာမ ၆ ယောက်ကတော့ မြို့ထဲမှာ အိမ်ငှားရှာဖွေနေနေရတယ်။ အဲ့မှာ ကျန်တဲ့ဆရာမတွေကတော့ အခြေအနေ ကြည့်နေနေရတယ်။" 

မိုးကုတ်မြို့မှာ CDM ပညာရေးဝန်ထမ်း ၁၂၀၀ ကျော်ရှိခဲ့ရာကနေ Non CDM ပြန်လုပ်သွားတဲ့ ပညာရေးဝန်ထမ်းတွေ ရှိလာတာကြောင့် အခုအချိန်မှာ ၁၀၀၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။

မိုးကုတ်​မြို့နယ် အခြေခံပညာဆရာ၊ ဆရာမများ ကော်မတီအနေနဲ့ အခုလက်ရှိအခြေနေမှာ စာထုတ်ပြန်နိုင်တာကလွဲပြီး ဘာမှမလုပ်ပေးနိုင်သေးပဲ တော်လှန်ရေးကိုသာ ဦးစားပေးနေရတဲ့ကာလဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေ ကိုယ့်လုံခြုံရေးကိုယ် နေရာယူကြဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013