Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ (ဓာတ်ပုံ)
DVB
·
November 13, 2021
256017429_204210855193179_3169508246563787591_n
247421794_204210951859836_5972529657036714268_n
256668032_204211131859818_7620730048675485560_n
257198891_204211158526482_2977487522870467362_n
256755006_204211095193155_5357156679686993356_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ  ယာယီစစ်ဘေးရှောင်းစခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူလူထုတွေကို ရှမ်းပြည်သံဃာတွေနဲ့  ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ‌က နိုဝင်ဘာ ၁၃ ရက် ဒီကနေ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ထောက်ပံ့ ကူညီခဲ့ပါတယ်။

ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူလူထု ၂၀၀၀ ကျော် အိုးအိမ်စွန့် ခွာပြီး ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်‌ပွဲ‌တွေ အမြန်ဆုံးရပ်ပြီး တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ပြဿနာကို အလျင်အမြန်ဖြေရှင်းကြဖို့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းတပ်နှစ်တပ်နဲ့ မဟာမိတ်တပ်တွေကို ရှမ်းပြည်သံဃာတွေနဲ့ ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ထပ်မံမေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024