DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နှင့် ကံမမြို့က အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် အပါအဝင် ၄ နေရာ ထပ်မံချိပ်ပိတ်ခံရ
DVB
·
November 13, 2021
နတ်မောက်မြို့နှင့် ကံမမြို့က အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် အပါအဝင် ၄ နေရာ ထပ်မံချိပ်ပိတ်ခံရ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့က ဒီမိုကရေစီရေးလှုပ်ရှားသူရဲ့ မိဘတွေပိုင်ဆိုင်တဲ့နေအိမ်နဲ့ ကံမမြို့နယ်က လွှတ်တော်အမတ်နေအိမ်တွေအပါအဝင်  အန်အယ်လ်ဒီ ပါတီဝင်တွေရဲ့ နေအိမ် ၄ နေရာကို  စစ်ကောင်စီက ထပ်မံချိတ်ပိတ်လိုက်ပါတယ်။

နေအိမ်ချိတ်ပိတ်ခံရတဲ့ နတ်မောက်မြို့က ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူက ''ကျနော့်မိဘတွေနဲ့ မိသားစုဝင် ၅ ဦး ကျန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဖမ်းခံရတယ်။ ပြန်မလွှတ်ဘူး။ မတရားအမှုဖွင့်ခံထားရတယ်လည်းကြားနေတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့က မိဘတွေရဲ့ အိမ်ကို ချိပ်ပိတ်သွားတယ်။ ကျနော်ကတော့  တိမ်းရှောင်နေရတယ်'' လို့ ပြောပြပါတယ်။

အလားတူ မကွေးတိုင်း၊ ကံမမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းဦးရဲ့ နေအိမ်၊ အန်အယ်လ်ဒီပါတီ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သူ ဦးတင့်ဇော်နေအိမ်နဲ့ ပယ်ကျကျေးရွာက ဒေါ်ဥမ္မာတို့ရဲ့ နေအိမ်တွေကိုလည်း နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီက မတရားချိပ်ပိတ်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

နေအိမ်ချိပ်ပိတ်ခံရသူတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ မတရားဖမ်းဝရမ်းထုတ်ခံထားရလို့  တိမ်းရှောင်နေရသူလည်း ဖြစ်ပါတယ်။

နေအိမ်အသိမ်းခံရသူနဲ့နီးစပ်တဲ့ ဒေသခံတဦးက ''သူတို့အိမ်တွေကို PDF အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်စပ်တယ်လို့ မတရားစွပ်စွဲအကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီက မတရားသိမ်းပိုက်ချိပ်ပိတ်ပြီး ဗီနိုင်းကပ်သွားကြတာ'' လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစလို့  စစ်တပ်က နိုင်ငံတော်အာဏာကိုလုယူပြီး နောက်ပိုင်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတဝန်းက အန်အယ်ဒီပါတီ အနိုင်ရလွှတ်တော်အမတ်တွေနဲ့ ပါတီဝင် ၅၀၀ နီးပါးကို မတရားဖမ်းဆီးချုပ်နှောင် တရားစွဲဆိုထား ပါတယ်။

မကွေးတိုင်းမှာ နိုဝင်ဘာ ၉ ရက်အထိ  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် ပြည်သူတွေရဲ့နေအိမ်နဲ့ စျေးဆိုင်တွေကို စစ်ကောင်စီက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တာ နေရာပေါင်း  ၂၃ နေရာရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013