DVB Logo
Home
မြန်မာသတင်း
ကမာရွတ်က ကွန်ဒိုတိုက်ခန်းများကို စစ်ကောင်စီက မီးဖြတ်ပြီး အဓမ္မ မီတာခကောက်
DVB
·
November 13, 2021
ကမာရွတ်က ကွန်ဒိုတိုက်ခန်းများကို စစ်ကောင်စီက မီးဖြတ်ပြီး အဓမ္မ မီတာခကောက်
Donate to DVB

ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်က ဘုရင့်နောင်တာဝါနဲ့ အမှတ်  ၈ ရပ်ကွက်က Diamond ကွန်ဒိုတို့မှာ နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီလောက်မှာ  စစ်ကောင်စီ လူကြီးတချို့နဲ့ EPCဝန်ထမ်းတွေက လာရောက် မီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၄ ရပ်ကွက်က  ဘုရင့်နောင်တာဝါကို   လူ ၁၀ ယောက်လောက်က လာရောက်ပြီး မီတာမပေးဆောင်ရသေးတဲ့ အခန်း ၇၀ ကျော်ကို မီးဖြတ်ချခဲ့​တာလို့ ဆိုပါတယ်။

" မီတာမဆောင်တဲ့အခန်းတွေချည်း ရွေးဖြတ်သွားတယ်။ အိမ် ၈၀  ကဆောင်ထားပြီးသားတဲ့။ ၇ လပိုင်းစာ အထိ မီတာဆောင်မှ မီးပြန်ပေးမယ် ​ပြောတယ်။ Online paymentနဲ့ဖြစ်ဖြစ် မီတာရုံးသွားပြီးဖြစ်ဖြစ် ဘေလ်ဆောင်ပြီးရင် တိုက်သာယာ​ရေးရုံးကို ​ပြောတဲ့။ ပြန်တပ်​ပေးမယ် ​ပြောတယ်။ ရုတ်တရက်ဆို​တော့ ဘာလုပ်ရမှန်းမသိဘူး။ ဒီချိန်ထိ ​တောင့်ခံလာခဲ့တာ " လို့  ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

" အခန်း ၇၀ ကျော်ကို မိန်းချရုံပဲ ဖြတ်ခဲ့တာပါ။  ပြန်ဖွင့်လို့ရပေမယ့် မိရင်အဖမ်းခံရမယ်လို့ ခြိမ်းခြောက်သွားတယ်။ ပေးရမယ့်မီတာခများတဲ့ အိမ်ကိုတော့ ကြိုးဖြတ်တာတွေ့တယ် "လို့ လည်း ဆိုပါတယ်။

   အလားတူ ၈ ရပ်ကွက်က Diamond ကွန်ဒိုကိုလည်း EPCဝန်ထမ်း ၁၀ ယောက်လောက်  လာရောက်ပြီး မီတာလာမဆောင်ပါက မီးမပေးဘူးလို့ ပြောသွား​တယ်လို့ဆိုပါတယ်။

   "အရပ်ဝတ်တွေနဲ့ လာတာ။ မီတာမဆောင်ရင် မီးမရဘူးလို့ပြောတယ်။ Fuse လည်း ယူသွားကြတယ်။ မီးဖြတ်ဖြတ်ချင်း ပေးဆောင်ကြတဲ့ လူတွေလည်းရှိတယ်။ တစ်ခန်းကို အနည်းဆုံး ၄-၅-၆ သိန်းဝန်းကျင် လောက်ကျကြတယ်။ မဆောင်ချင်တာ ငွေပေးရမှာကြောက်လို့ မဟုတ်ဘူး အခုလိုအချိန်မှာ ဘယ်လိုနည်းနဲ့မှ အာဏာရှင်လက်ထဲ သေနတ်ဖိုးတွေ မထည့်နိုင်ဘူး" လို့ ကွန်ဒိုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရွှေထီး ၁ ၊ရွှေထီး ၂ နဲ့ ထူးကွန်ဒို တို့မှာလည်း  မီတာစစ်ဆေးမှုတွေပြုလုပ်ပြီး  မီတာခပေးဖို့ ကျန်နေတဲ့ ငွေပမာဏများတဲ့  နေအိမ်တွေကို မီတာဖြတ်သွားတယ်လို့ သိရပါတယ်။

အလားတူ ဘုရင့်နောင်လမ်းမက ရွှေ (၅) ရွှေ အိမ်ရာ၊ Hi-Way Complex အိမ်ရာတွေကိုပါ မီတာခ ကောက်ခံနေပြီး မီးဖြတ်တောက်ခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013