DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် မူးယစ်ဆေးရောင်းဝယ်သူ ၂ ဦးကို ကရင်နီပြည်ရဲဌာန (KSP) က ဖမ်းဆီးအရေးယူ
DVB
·
November 13, 2021
ဒီးမော့ဆိုတွင် မူးယစ်ဆေးရောင်းဝယ်သူ ၂ ဦးကို ကရင်နီပြည်ရဲဌာန (KSP) က ဖမ်းဆီးအရေးယူ
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊  နန်းမယ်ခုံမြို့မှာ  မူးယစ်ဆေးရောင်းဝယ်သူ ၂ ယောက်ကို ဖမ်းဆီးမိထားပြီး အရေးယူသွားမယ်လို့ ကရင်နီပြည်ရဲဌာန (KSP) က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က သတင်းအရ နန်းမယ်ခုံမြို့၊ ခေါခူရှမ်းရပ်ကွက်နေ အမျိုးသား တယောက်ရဲ့ နေအိမ်ကို ကရင်နီပြည်ရဲဌာနက ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်ရှာဖွေရာမှာ သူ့ကို နေအိမ်မှာ အသင့်တွေ့ရပြီး ခန္ဓာကိုယ်ကို စစ်ဆေးတဲ့အခါ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြားကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို စစ်မေးတဲ့အခါ ဒီဆေးပြားတွေကို ဖယ်ခုံမြို့နယ် မိုးဗြဲမြို့နေသူတယောက်ဆီက ဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီသူဟာ ၁၀ ရက်နေ့မှာ နန်းမယ်ခုံမြို့ကို လာဖို့ရှိတာကို သိရလို့ ကားလမ်းနဲ့ ပူးပေါင်းအဖွဲ့နဲ့ လမ်းကြောင်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးရာမှာ မိုးဗြဲဘက်ကနေ နန်းမယ်ခုံဘက်ကို ဆိုင်ကယ်နဲ့လာသူတဦးရဲ့ ဆိုင်ကယ်ပုံးထဲကနေ ပလပ်စတစ် ကပ်ခွာအိတ်နဲ့ထည့်ထားတဲ့ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ ပါ ၄ ထုပ်၊ စုစုပေါင်း အပြား ၈၀၀ ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ ၂ ယောက်ကို  ကရင်နီပြည်ရဲဌာနမှာ ချုပ်နှောင်ထားပြီး အရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲဌာန(KSP)ဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်ချက်အရ   CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့  ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်သူတွေရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013