DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်
DVB
·
November 13, 2021
မြင်းမူမြို့နယ်တွင် ပုဒ်မ ၁၄၄  ညမထွက်ရ အမိန့် ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အများပြည်သူလုံခြုံရေးအတွက် အကြောင်းပြပြီး လူ ၅ ဦး ထက် ပိုမစုဖို့နဲ့  ည ၈ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ - ၁၄၄ ကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက အမိန့် ထုတ်လိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ညမထွက်ရအမိန် ထုတ်ပြန်လိုက်တာကြောင့် မြင်းမူမြို့နယ်အတွင်းက  ကုန်စိမ်းရောင်းတဲ့ဈေးတွေ  အခက်အခဲနဲ့ကြုံတွေ့ရနိုင်တယ်လို့  ဒေသခံ ဈေးသည်တွေက ပြောပါတယ်။

ကုန်စိမ်းရောင်းတဲ့ဈေးသည်တွေဟာ  မိမိခြံကထွက်တဲ့ ဟင်းသီးဟင်ရွက်တွေကို ညသန်းခေါင်ကျော် တနာရီလောက်ကတည်းက စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ စတဲ့ဈေးတွေဆီကို မနက်လင်းဈေးဖွင့်အမှီ ကြိုတင်ဈေးသွားရောင်းချရတာဖြစ်ပါတယ်။

မြင်းမူမြို့ခံတဦးကတော့ “ဒါသက်သက်စစ်ရေးအရ အာဏာကို အလွဲသုံးစားလုပ်တာပဲဗျ။ ဒီကောင်တွေ သူတို့စစ်ကားတွေ မိုင်းထောင်ခံရတာ၊ မိုင်းဆွဲခံရ‌တာတွေကြောင့် အခုလို ညမထွက်ရအမိန် ထုတ်ပြန်တာ။ ဒီကောင်တွေ ထုတ်တဲ့အမိန့် ဘယ်သူမှမလိုက်နာဘူး။ ကိုယ်ထွက်ချင်ထွက်မှာပဲ။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်ရေးလုပ်နေတာ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ခုခံစစ်ပွဲ ဆင်နွှဲနေတဲ့ အတွက် စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတဝန်း တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး  လူ ၅ ယောက်ထက်ပိုမစုဖို့ ကန့်သတ်ထားမြစ်ထားပေမဲ့ တဖက်မှာတော့ စစ်တပ်ထောက်ခံပွဲတွေကို လူအင်အားအလုံးအ ရင်းနဲ့  စီစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013