DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရ
DVB
·
November 12, 2021
နတ်တလင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ပျူစောထီးတွေ အပါအဝင် ၅ ဦး နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းက ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ဒေသခံတဦးက ''စမ်းကြီးအုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ကြီးရယ်၊ ရေကြည်ရွာကပျူအဖွဲ့ဝင် မောင်သောင်း၊ ဇော်လေး နဲ့ ကိုမင်း၊ တာကလောရွာက ကိုမျိုး တို့ လူစုံနေကြတဲ့အချိန် ဝင်ပစ်ခံရတာ။ သူတို့တွေက စစ်တပ်ရဲ့သတင်းပေးတွေချည်းပဲ” လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူ ၅ ဦးအနက် ၄ ဦးဟာ နတ်တလင်းဆေးရုံကို ပို့ဆောင်ထားရပြီး အခြေအနေဆိုးတဲ့ ကျန် ၁ ဦးကိုတော့ ပြည်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

''၅ ယောက်ထဲက ၂ ဦးကတော့ အခြေအနေမကောင်းဘူး။ အရမ်းစိုးရိမ်ရတဲ့ ၁ ယောက်ကိုတော့ ပြည်ဆေးရုံကို လွှဲလိုက်ပြီ။ ဆုံးသွားပြီလို့လည်း ကြားနေရတယ်။ အတည်မပြုနိုင်သေးဘူး'' လို့ နတ်တလင်းဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Phoenix-D-F အဖွဲ့က လုပ်ဆေင်ခဲ့တာဖြစ်ပြီး နတ်တလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အောက်ခြေက အုပ်ချုပ်ရေးမှူးတွေကိုလည်း အချိန်မီ နုတ်ထွက်ကြဖို့ Phoenix-D-F အဖွဲ့ရဲ့ သတင်းပြန်ကြားရေးကော်မတီတာဝန်ခံက  ပြောပါတယ်။

စမ်းကြီးကျေးရွာကစာသင်ကျောင်းမှာ ပြီးခဲ့တဲ့ ဇွန်  ၄ ရက်က ပျူစောထီးအဖွဲ့တွေ ထောင်ထားတဲ့ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ဒေသခံပြည်သူ ၅ ဦးတို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းစန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် နဲ့ စစ်ကောင်စီသတင်းပေး သားအဖ ၂ ဦးဖြစ်ကြတဲ့ ဦးသိန်းထွန်း၊ သားဖြစ်သူ ကိုကောင်းထက်ခန့် တို့ ပစ်ခတ်ခံရပြီး ကိုကောင်းထက်ခန့်က နေရာမှာတင်ပွဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013