DVB Logo
Home
မြန်မာသတင်း
မတူပီ CDF က အကြမ်းဖက်စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်
DVB
·
November 12, 2021
မတူပီ CDF က အကြမ်းဖက်စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်  ဒီလောင်ကုန်းကျေးရွာ(က) နဲ့ (ခ) ၂ ရွာကြားမှာ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုကို မတူပီ CDF တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF တပ်ဖွဲ့ကနေ သိရပါတယ်။

မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒါက ကျနော်တို့က ထိုးစစ်ဆင်ပြီး သွားတိုက်တာဖြစ်ပြီးတော့ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီးတော့ အများအပြားဒဏ်ရာရသွားတယ်ဗျ။ ကျနော်တို့ CDF မတူပီဘက်ကတော့ အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့မိုင်းကို နင်းမိပြီးတော့ ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

မတူပီ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲ ၅ ကြိမ်လောက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅၀ ကျော်လောက် သေဆုံးပြီးတော့ CDF မတူပီ ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတူပီမြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ နီးပါးရှိနေပြီး တောထဲတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းတွေရှိတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရကာ စားနက်ရိက္ခာနဲ့ ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

မတူပီ CDF တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးကာလအတွင်းမှာ လက်နက်အင်အားကွာခြားတဲ အခက်ခဲတွေနဲ့ အခက်ခဲတွေ အများကြီး ရှိနေပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူကို ကာကွယ်မယ်လို့ ရည်ရွယ်ထားတာကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက်အ သက်ပေးကာကွယ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အကြောက်တရားမရှိဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးကူညီကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013