DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မော်လမြိုင် NLD အမတ် အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရ
DVB
·
November 12, 2021
ဖမ်းဆီးခံ မော်လမြိုင် NLD အမတ် အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရ
Donate to DVB

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတယ်လို့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

NLD အမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တာပါ။

လက်ရှိမှာတော့ ဒေါ်နွယ်နွယ်အောင်ကို ချုပ်ရမန်ယူပြီး ကျိုက်မရောဗဟို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ အကြမ်းဖက်အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက်တာ၊ ငွေးကြေထောက်ပံ့တာတွေအတွက် စွဲဆိုတဲ့ ပုဒ်မ တစ်ခု ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ ပြစ်မှုကျူးလွန်ကြောင်း  ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ အမိန့်ချမှတ်နိုင်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013