DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိ အမျိုးသမီးအရာရှိ ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
November 12, 2021
စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိ အမျိုးသမီးအရာရှိ ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသူတွေထဲမှာ စစ်ကောင်စီတပ်က  ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတဦး ပါဝင်လာခဲ့တယ်လို့ ပြည်သူ့စစ်သား များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သူကတော့ ဗိုလ်ကြီး​မေပိုးဖြစ်ပြီး အာဏာစသိမ်းတဲ့အချိန်ကစပြီး စစ်ကောင်စီရဲ့ တရားမျှ တမှုမရှိတဲ့လုပ်ရပ်​တွေ ပြည်သူ​တွေကိုအ​ကြောင်းမဲ့သတ်ဖြတ်​နေတာ​တွေကို ဘယ်လိုမှ လက်ခံလို့မရတဲ့အတွက် ​တော်လှန်​ရေးမှာပူး​ပေါင်းပါဝင်ဖို့ ပြည်သူ့ဘက် ရပ်တည်လာခဲ့ တာလို့ ဆိုပါတယ်။

“တပ်မ​တော်က ပြည်သူ​​တွေကိုတင်မကဘူး တပ်မ​တော်သားအချင်းချင်းလည်း ဖိနှိပ်မှုမျိုး စုံရှိတဲ့အတွက်​ကြောင့် တပ်တွင်းမှာလည်း စစ်​ကောင်စီကိုစွန့်ခွာချင်သူ​တွေ များပြားလာ ပါပြီ။ ကျမကိုယ်တိုင်လည်း ​နောင်လာမယ့်​နေ့ရက်​တွေမှာ သိက္ခာရှိစွာ​နေထိုင်သွားချင်လို့ ပြည်သူဘက်မျက်နှာမူခဲ့တာပါ။ ကျမတို့ရဲ့​ နောင်လာမယ့်အနာဂတ်​တွေမှာလည်း စစ်သား ဆိုတာနဲ့ ပြည်သူ​တွေကမုန်းတီး​နေတာမျိုးမဖြစ်ရ​အောင် ဒီလိုပြသနာ​တွေကိုဖန်တီးတဲ့ အာဏာရှင်​တွေအမြစ်ပြတ်​အောင်လို့ တပ်မ​တော်သားအားလုံးပူး​ပေါင်းပါဝင်​ဖို့လိုအပ်ပါ တယ်”လို့ ဗိုလ်ကြီးမေပိုးက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော် သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ ၅ ချက်ကို လက်မှတ်ရေးထိုးပြီး ထုတ် ပြန်ထားပြီး ဒီမူဝါဒတွေနဲ့အညီ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်သူ့တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကြိုဆိုလက်ခံရေးနဲ့ တပ်တွေ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်တဲ့ အထူး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာပြီးခဲ့တဲ့နောက်ပိုင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ ပြည်သူ့ရင်ခွင်ခိုလှုံဖို့စာရင်းပေးလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013