DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က ပြည်သူ ၁ သောင်းကျော်ကို ဖမ်းဆီး၊ ၁၂၅၀ ကျော်ကို သတ်ဖြတ်
DVB
·
November 12, 2021
အကြမ်းဖက်စစ်တပ်က ပြည်သူ ၁ သောင်းကျော်ကို ဖမ်းဆီး၊ ၁၂၅၀ ကျော်ကို သတ်ဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၂၅၃ ယောက်ထိ ရှိလာခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၀၃၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇၁၄၄ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နတ်ရွာဈေးမှာ လျှပ်စစ်ပစ္စည်း၊ မုန့်ဟင်းခါးနဲ့ ထမင်းကြော်ဆိုင် ဖွင့်လှစ်ရောင်းချနေတဲ့ ကိုရဲနိုင်အောင်(ခ)ကိုရဲကို ဗုံးပေါက်ကွဲမှု သံသ ယနဲ့ အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး နောက်တရက် နို ဝင်ဘာ ၉ ရက်နေ့မှာတော့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ မိသားစုဆီ အ ကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က နတ်ကျေးရွာအုပ်ချုပ်ရေး မှူးရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် နာရီဝက်အကြာမှ ကိုရဲနိုင်အောင်ဟာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့က အဖြူရောင်သစ္စာအရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ အတွင်းရေးမှူးနဲ့ မြို့နယ် NLD ပါတီ စည်းရုံးရေးမှူးဖြစ်သူ ကိုရဲကျော်စွာကို ဖမ်းဆီး ရမိခြင်းမရှိတာကြောင့် သူ့ရဲ့ ဖခင် ဦးဝင်းရွှေကို အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးကျေးရွာမှာ နေထိုင်တဲ့ အ သက် ၁၇ နှစ်အရွယ် မကွေးတက္ကသိုလ် ဓာတုဗေဒ ပထမနှစ်ကျောင်းသူ မယွန်းလဲ့ပိုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲကာ အကြမ်းဖက်စစ် အုပ်စုက နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီး မေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013