DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်အတွင်း ကုလားပဲ ဈေးနှုန်းကျ
DVB
·
November 11, 2021
မန္တလေးဈေးကွက်အတွင်း ကုလားပဲ ဈေးနှုန်းကျ
Donate to DVB

မန္တလေးဈေးကွက်မှာ အခု နိုဝင်ဘာလထဲ ကုလားပဲ လက်ကျန်များနေပြီး ဈေးနှုန်းကျဆင်း နေတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

အောက်တိုဘာလထဲမှာ ကုလားပဲတစ်ပိသာကို ငွေကျပ် ၃၀၀၀ နဲ့ ၃၂၀၀ ကြားမှာရှိခဲ့ပေမယ့် နိုဝင်ဘာလထဲမှာတော့ တစ်ပိသာကို ငွေကျပ် ၂၆၀၀ ကျပ်အထိ ကျဆင်းနေတယ်လို့ သိရပါတယ်။

မနှစ်က ကာလတူအချိန်မှာ ကုလားပဲ ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၃၅,၀၀၀ ကျပ်ရှိခဲ့ပြီး ဒီနှစ်ပေါက်ဈေးကတော့ ၁၂၀,၀၀၀ - ၁၂၂,၀၀၀ ဝန်းကျင်အထိ  ဈေးနှုန်းကျဆင်းပေမယ့် အရောင်းအဝယ် တည်ငြိမ်နေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။

“ဒီနှစ်နိုဝင်ဘာ လဆန်းမှာတော့ ကုလားပဲက တစ်ပိသာကို  အောက်တိုဘာက ၃,၀၀၀ - ၃,၂၀၀ ကနေပြီးတော့ ဒီနေ့ဆိုရင် ကုလားပဲခြမ်းတစ်ပိသာဆိုရင် ၂၆၀၀ အထိကျတယ်။ ကုလားပဲလုံး အနေနဲ့ကတော့ မန္တလေးဈေးကွက်ထဲမှာ ၃ တင်းတစ်အိတ်ကို ၁၃၅,၀၀၀ လောက်ကနေပြီးတော့ ဒီနှစ်ပေါက်ဈေးဟာဆိုရင် ၁၂၀,၀၀၀ - ၁၂၂,၀၀၀ အထိ ဈေးနှုန်းကျလာတယ်။ အခုလို ကျဆင်းလာတာက အရောင်းအဝယ်မကောင်းလို့ မဟုတ်ဘူး။ အရောင်းအဝယ်တွေလည်း ကောင်းတယ်”လို့ မန္တလေးက ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မနှစ်က ရာသီဥတု ကောင်းခဲ့တဲ့အတွက် ကုလားပဲအထွက်ကောင်းပြီး လက်ကျန်များနေကာ  အခု အချိန်ဟာ ကုလားပဲ အသစ်ပေါ်ချိန်ဖြစ်နေတာကြောင့် ဈေးနှုန်းကျဆင်းနေတာလို့ ပွဲရုံပိုင်ရှင်တွေက ဆိုပါတယ်။ 

နှစ်တိုင်းမှာ တန်ဆောင်မုန်းလထဲမှာ ကုလားပဲဈေးနှုန်း မြင့်တက်လေ့ရှိပြီး ဒီနှစ်မှာတော့ ကျဆင်းနေတာဖြစ်ပါတယ်။ 

ပဲသစ်ကလည်းပေါ်ခါနီးအချိန်ဖြစ်နေတယ် ကုလားပဲကလည်း မနှစ်က အထွက်နှုန်းကောင်းထားတဲ့ အတွက် ကုလားပဲလက်ကျန်ကို လူတွေက အများကြီးကျန်ရင် ဒီထက်ကျမှာစိုးလို့ အခု ထုတ်ရောင်းတယ်။ 

“ထုတ်ရောင်းလို့ ဈေးတွေက အခုလို ကျလာတာဖြစ်တယ်။ တကယ်တမ်းဆိုရင် အခုအချိန်က ကထိန်ရာသီတန်ဆောင်မုန်း ရာသီဖြစ်နေလို့ ဈေးက မူရင်းဈေးထက်တောင်ပိုတက်သင့်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဲဒီလိုမျိုး မတက်ဘဲနဲ့ အခုလိုမျိုးကျနေတယ်” လို့ ကုန်သည် နောက်တစ်ဦးက ပြောပါတယ်။ 

များနေတဲ့ ကုလားပဲ လက်ကျန်တွေကို လက်ထဲမှာ မထားဘဲ ကုန်သည်တွေက ထုတ်ရောင်းကြတဲ့ အတွက် အခုလို ဈေးနှုန်း ကျဆင်းနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013