DVB Logo
Home
မြန်မာသတင်း
ပြည်သူ ၁၀၀၀ ကျော်ကို ဆန်နှင့် ကုလားပဲ ၁၀၀ ကျပ်ဖြင့် May Yu Mart က ရောင်းချ
DVB
·
August 29, 2022
ပြည်သူ ၁၀၀၀ ကျော်ကို ဆန်နှင့် ကုလားပဲ ၁၀၀ ကျပ်ဖြင့် May Yu Mart က ရောင်းချ
1 / 4
Donate to DVB

စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို ဒေါပုံမြို့နယ် ဝါဆိုမှတ်တိုင်အနီးက May Yu Mart မှာ သြဂုတ် ၂၈ ရက် ညနေပိုင်းက ဆန်၊ သို့မဟုတ် ပဲ ဘာပဲယူယူ တရာကျပ်နဲ့ ရောင်းချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေါပုံမြို့နယ် ဝါဆိုမှတ်တိုင်အနီး ယမုံနာလမ်းထောင့်နဲ့ ဓမ္မစေတီလမ်းထောင့်မှာ ဩဂုတ် ၂၈ ရက် ညနေ ၃ နာရီကစတင်ကာ ရောင်းချပေးတာလို့ သာကေတမြို့နယ်နေ ပြည်သူတဦးက DVB ကို ပြောပါတယ်။

“ဆိုင်က ပထမ လူသုံးရာပဲ ရောင်းပေးမယ်လို့ ကြေညာထာတာ။ နောက်တော့ လူက တစ်ထောင်လောက်ရှိတော့ အကုန်ရောင်းပေးတယ်။ မရှိနေတဲ့အချိန်ဆိုတော့ ဆန်လေးလုံးကို တစ်ရာနဲ့ရတာဆိုတော့ အဆင်ပြေတာပေါ့။”

ဆန်၊ သို့မဟုတ် ပဲကို ဒေါပုံ၊ သာကေတ၊ သန်လျင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့် စတဲ့ မြို့နယ်တွေက အခြေခံလူတန်းစားတွေ လာရောက်ဝယ်ယူကြတယ်လို့ ဝါဆိုမှတ်တိုင်အနီးမှာ နေသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

“ဝမ်းလည်းသာတယ်၊ စိတ်ထဲလည်း မကောင်းဘူး။ ပြည်တွင်းမှာ လူတွေ ဘယ်လောက် အခက်အခဲဖြစ်နေလဲဆိုတာ ဆန် လေးလုံးနဲ့ မိုးထဲ ရေထဲမှာ လာဝယ်ကြတဲ့သူတွေ အများကြီးပဲ၊ မိသားစု သုံးဦးဆို ဆန်တပြည်ခွဲရမှာလေ၊ အဲဒါကြောင့် လာတိုးဝယ်ကြတာ။” 

May Yu Mart (Dawbon Branch) မှာ အရင်က ဆန်၊ Red Ruby တံဆိပ် ဆန်လုံးရှည်  (Long Grain Rice) - 1Kg နဲ့ Red Ruby တံဆိပ် ပဲဝါလေး - 300g တို့ကို (တစ်ထုပ်) ကို တစ်ရာကျပ်နဲ့ လူ ၄၀၀ သာ ရောင်းချမယ်လို့ စီစဥ်ထားပေမဲ့ လာရောက်ဝယ်ယူသူ များပြားလွန်းတာကြောင့် လူ ၁၀၀၀ ကျော် ရောင်းချပေးခဲ့တယ်လို့ May Yu Mart တာဝန်ခံက ဒီဗွီဘီကို ရှင်းပြပါတယ်။

“လူက များတော့ လေးရာပဲ ရောင်းပေးမယ်ဆိုတဲ့ အစီအစဥ်ကို ဖျက်ပြီး လာတဲ့လူ အကုန်ရောင်းပေးလိုက်တာ။ တစ်ထောင်ကျော် ရှိတယ်။ နောက်ထပ်ရောင်းပေးဖို့လည်း အစီအစဥ်ရှိတယ်။” 

ပြီးခဲ့တဲ့  သြဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်မှာ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်ကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းက ဒေါပုံမြို့နယ်ထဲက ရပ်ကွက်တွေမှာ ကြက်ဥ ၆ လုံးကို တစ်ရာကျပ်နဲ့ ရောင်းချပေးနေတာလည်း ရှိပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ရောင်းချပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013