DVB Logo
Home
မြန်မာသတင်း
ငွေကျပ် သန်း ၉,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
DVB
·
May 10, 2026
Photo : CCDAC MYANMAR
Photo : CCDAC MYANMAR
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့ကနေ ငွေကျပ် သန်း ၉,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိပြီး အဓိက သယ်ခိုင်းသူကိုတော့ မမိသေးဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုအဖွဲ့က မေ ၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၂ ရက် မနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ကလေးမြို့အဝင်မှာ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာတဲ့ Nissan Condor ကားနဲ့ မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာတဲ့ Golden Truck ကားပေါ်ကနေ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကို သတင်းအရ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်းမှာ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး (ခ) ဆေးဆရာ လိုက်ပါလာတဲ့ Nissan Condor ကားပေါ်ကနေ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကို ထပ်ဖမ်းမိခဲ့လို့ စုစုပေါင်း ဘိန်းဖြူ ၇၇ ကီလို (ဒေသတန်ဖိုးငွေကျပ်သန်း ၃,၈၅၀ ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို ကလေးမြို့မှာ လက်ခံမဲ့သူ ညွန့်တင် ကို ကလေးမြို့အဝင်မှာ၊ လားရှိုးကနေ ကလေးကို သယ်ဆောင်ခိုင်းသူ နိုင်ဝင်း (ခ) ရုပ်ဆိုးကို ပြည်မြို့နယ်၊ ပြည် - အောင်လံသွားလမ်း၊ တီတွတ်ရွာနားမှာ Toyota Hilux ကားနဲ့ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ မူးယစ်ဆေးဝါးတွေသယ်ရာမှာ ပူးပေါင်းပါဝင်သူ ဘဂျမ်းကို စဉ့်ကိုင်မြို့နယ်၊ ကတိုးရွာကအိမ်မှာ ဧပြီ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၉ လမ်းနဲ့ ၁၃၉ လမ်းထောင့်မှာ ရပ်တန့်ထားတဲ့ Nissan Condor ကားပေါ်ကနေ စိတ်ကြွဆေးပြား ၄ သန်း (ဒေသတန်ဖိုးငွေကျပ်သန်း ၆,၀၀၀) ကို ထပ်ပြီး ဖမ်းမိတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ကလေးကို အဓိက သယ်ဆောင်ခိုင်းသူဟာ လားရှိုးမြို့နေ ကိုအောင်ဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ ကျန်နေပေမဲ့ လက်ရှိ ဖမ်းမိထားသူတွေကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013