DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာ ၁၀၀ ခန့် အင်တာနက်ပြတ်
DVB
·
November 10, 2021
တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာ ၁၀၀ ခန့် အင်တာနက်ပြတ်
Donate to DVB

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ ၁၀၀ လောက်မှာ အင်တာနက်ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီနေ့ မနက် ၁၀ နာရီလောက်ကတည်းက  အင်တာနက်လုံးဝသုံးမရတော့ဘူး။ ကျနော်တို့ ကြားတာ ကတော့ တောင်ပြိုအပါအဝင် ဗန္ဓုလအထိ ကျေးရွာအားလုံး၏ကို အင်တာနက်သုံးမရတောဘူးလို့ သိရတယ်။" လို့ တမန်းသားကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က တမန်းသားကျေးရွာ၊ ရေနောက်ငါးသားကျေးရွာတို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ တောင်တန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဒေသမှာ စစ်ကောင်စီတပ်က လမ်းကြောင်း ၃ ကြောင်းမှာ အင်အားတိုးချနေတာဖြစ်ပါတယ်။

ခုလို စစ်အင်အားတိုးချဲ့နေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံမှတ်တမ်းတွေမရရှိနိုင်အောင်  အင်တာနက်ဖြတ်တောက်လိုက်တာဖြစ်နိုင်တယ်လို့  ရေနောက်ငါးသားကျေးရွာဒေသခံတွေက ခန့်မှန်း သုံးသပ်နေကြပါတယ်။

"အင်အားတိုးချတာက မနေ့က ကား ၂ စီး။ ဒီနေ့ ညနေအထိဆို ကား ၄ စီးရှိသွားပြီ။ ခြေလျှင်စစ်ကြောင်းတွေက တောင်ကျချောင်းအတိုင်းတက်တာ ရှိတယ်။ ရေနောက်ငါးသားဘက်က အဓိကတက်နေကြတာ။"လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီလောက်က  ရေနောက်ငါးသားကျေးရွာအနီးရှိ အေအေ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်က အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာတာရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ဒီမနက်ပိုင်းကစလို့ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အပါအဝင် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ လောက်မှာ  အင်တာနက်ပြတ်တောက်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013