DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးပြန်လည်သတ်မှတ်၊ သတ်မှတ်နှုန်းကျော်လွန် ရောင်းဝယ်ပါက အရေးယူမည်
DVB
·
November 10, 2021
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးပြန်လည်သတ်မှတ်၊ သတ်မှတ်နှုန်းကျော်လွန် ရောင်းဝယ်ပါက အရေးယူမည်
Donate to DVB

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းကို သတ်မှတ်နှုန်းထားအတွင်းကသာ ရောင်းဝယ်ဖို့နဲ့ သတ်မှတ်ချက်ထက် ကျော်လွန်ပြီးရောင်းဝယ်ပါက အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေ၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် (MC) ဘဏ်တွေ၊ (MC) လိုင်စင်ရဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံခြားငွေရောင်းဝယ်၊ လဲလှယ်ဆောင်ရွက်ရာမှာ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းအပေါ် သုည ဒသမ ၅ ရာခိုင်နှုန်းထက်မပို၊  ဒါမှမဟုတ်  သုည ဒသမ ၅ ရာခိုင်နှုန်းထက်မလျှော့တဲ့  နှုန်းထားနဲ့ သတ်မှတ်ဆောင်ရွက်ရမည်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ထုတ်ပြန်ကြေညာချက်ကြောင့် နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်ရရှိထားတဲ့ ငွေလဲကောင်တာတွေမှာ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မနက်က   အမေရိကန် ၁ဒေါ်လာတန်ဖိုးက ဝယ်စျေး ၁၇၇၅ ကျပ်နဲ့ ရောင်းစျေး ၁၇၈၃ ကျပ် ရှိပြီး ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းက (နိုဝင်ဘာ ၉ရက်)စျေးနှုန်းအရ ၁၇၇၅ ကျပ်ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်မထွက်ခင် မနေ့က ငွေလဲကောင်တာတွေမှာ အမေရိကန် ၁ဒေါ်လာတန်ဖိုးက ဝယ်စျေး ၁၉၂၅ ကျပ်နဲ့ ရောင်းစျေးက ၁၉၄၅ ကျပ်ရှိခဲ့ပါတယ်။

ဒါပေမဲ့ စျေးကွက်အတွင်းမှာ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ဒီကနေ့မှာတော့ အရောင်းအဝယ်မရှိဘူးလို့ နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လိုင်စင်ရရှိထားတဲ့လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုက ဗဟိုဘဏ်က သတ်မှတ်စျေးပြောင်းလိုက်တဲ့အတွက် rate(နှုန်းထား)တွေကတော့ တခုတည်းဖြစ်သွားတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ အေးသွားတယ်။ ဝယ်မယ့်သူကတော့ ဝယ်ချင်တယ်။ ဒါပေမဲ့ရောင်းတဲ့သူက ဒီစျေးနဲ့ မရောင်းနိုင်ဘူးပေါ့နော်။ အဲ့တော့ ဖြစ်နိုင်တာတခုက ပို့ကုန်၊သွင်းကုန်သမားတွေအတွက်ကတော့  သူတို့ဘာသာအပြင်မှာ ညှိပြီး ရောင်းကြပေါ့နော်။ ဆိုလိုတာက ကျနော်တို့နဲ့ဘဏ်တွေဆီကို မရောင်းတော့ဘူးပေါ့။ ဒီတော့ ဘဏ်နဲ့ ငွေကြေး လဲလှယ်ပေးတဲ့ကောင်တာတွေကတော့ အလုပ်လုပ်ဖို့အတွက် သူတို့မှာ အခွင့်အရေး နည်းသွားတာပေါ့။ အဲ့တော့ အခြေအနေကတော့ ဘာဆက်ဖြစ်မလဲမသိဘူး။ စောင့်ကြည့်ရမယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာာသိမ်းပြီးနောက် အဆမတန်မြင့်တက်နေတဲ့ ဒေါ်လာစျေးကို စစ်ကောင်စီက အမိန့်အာဏာသုံးပြီး  ဆွဲချဖို့ကြိုးစားနေပေမဲ့ ပြင်ပဈေးကွက်မှာ  အမေရိကန် ၁‌ ဒေါ်လာကို ကျပ် ၁၉၀၀ အထက်  တကယ်အရောင်းအဝယ်ဖြစ်နေတာပါ။ 

နိုင်ငံခြားငွေကြေးစျေးကွက်အပေါ်စောင့်ကြည့်လေ့လာသူတဦးကတော့ “ဒေါ်လာစျေးက ကောင်တာတွေမှာ ၁၇ဝဝကျော် စျေးနဲ့ပေါ့။ ဗဟိုဘဏ်ရဲ့ရည်ညွှန်းနှုန်းထဲဝင်အောင်ဆိုပြီး သူတို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ဘုတ်တွေမှာတော့ ကြေငြာထားတယ်နော်။ ဒါပေမဲ့ တကယ်အရောင်းအဝယ်ဖြစ်နေတာက ၁၉၅၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း ကြားရတယ်။ ဗဟိုဘဏ်အနေနဲ့ကလည်း ကျနော်မြင်တာကတော့ ၁၇၅၀ လောက် အထိဆွဲချနေတယ်လို့ မြင်မိတာဘဲ။ ဆွဲချလို့ ကျမလား ဆိုတာကတော့ ၁၉၅၀ လောက်လိုချင်တဲ့သူတွေကလည်း ဒါကို ပြန်ဆွဲတင်မှာပေါ့နော်။ ဒီတော့ ဒေါ်လာငွေကြေး ဘယ်လောက်လိုသလဲနဲ့ ဒေါ်လာအထွက်ကကော ဘယ်လောက်ရှိသလဲ ဆိုတာကြည့်ရဦးမှာပေါ့။ ဆိုတော့ Demand နဲ့ Supply  အပေါ်မူတည်ပြီးတော့ စျေးကတော့ ရှိလာမယ်။ ဒီတော့ ဗဟိုဘဏ်ကလည်း စျေးကို ဆွဲချချင်လို့ အမိန့် အာဏာနဲ့လုပ်တယ်။ ဒါကို စျေးကွက်ကရော တောင့်ခံနိုင်မလားပေါ့နော်။ ဆိုတော့ စျေးကွက်နဲ့အစိုးရ အကြားမှာ အားပြိုင်မှုတော့ရှိနေပြီ” လို့ပြောပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦး၏အမြင်ကတော့ ကျနော်တို့က သွင်းကုန်လုပ်တဲ့သူတွေဆိုတော့ “ဒေါ်လာစျေးကျရင် ကြိုက်တာပေါ့။ ဘာလို့လဲဆို ကျနော်တို့က ဟိုဘက်ကို ဒေါ်လာနဲ့ပေးချေရပြီးတော့ ဒီဘက်မှာ မြန်မာငွေနဲ့ပြန်ရောင်းရတာ။ အဲ့တော့ ဒေါ်လာစျေးကျချင်တာကတော့ ကျနော်တို့ရဲ့ သဘောတရားပေါ့။ ပို့ကုန်သမားတွေကတော့ ဒေါ်လာစျေး တက်ချင်တာပေါ့နော်။ ဗဟိုဘဏ်အနေနဲ့ကတော့ တချိန်တည်းမှာပဲ သူက ဒေါ်လာစျေးကို ဆွဲချချင်ရုံ တင်မကပဲ ပို့ကုန်ရဝင်ငွေတွေ (Export Earnings) နဲ့ Account transfer တွေကို ကာလပိုင်းခြားတခု သတ်မှတ်ထားတာရှိတယ်လေ။ အဲ့လိုမျိုးသတ်မှတ်ထား တဲ့အတွက်ကြောင့်လည်း ပို့ကုန်သမားတွေက ပြန်ပြီးရောင်းနေရတယ်နော်။ ဒီနေရာမှာ အဓိကလိုအပ်ချက်လို့ သတ်မှတ်ထားတဲ့ ဆေး၊စက်သုံးဆီနဲ့စားသုံးဆီအတွက် ဗဟိုဘဏ်က ဒေါ်လာတွေရောင်းချပေးနေပေမဲ့ ဒီရောင်းချပေးနေတဲ့ ပမာဏက လိုအပ်ချက်ကို ဘယ်လိုမှ မဖြည့်ဆည်းပေးနိုင်ဘူး။ အခုချိန်က ကျနော်တို့ဆီမှာ ပို့ကုန်နဲ့သွင်းကုန်က ဘယ်လိုရှိနေလဲဆိုရင် ပို့ကုန်ကနည်းပြီးတော့ သွင်းကုန်က များနေတာကြောင့် ကုန်သွယ်မှု လိုငွေရှိနေတာလေ။ အဲ့တော့ ဒေါ်လာစျေးကို ဆွဲသာချနေတာ တကယ်တမ်း စျေးကွက်ရဲ့မူလသဘောတရားအရ စျေးကျဖို့ဆိုတာက နည်းနည်းတော့ ခဲယှဉ်းမယ်” လို့ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းအပေါ် သတ်မှတ်ထားရှိတဲ့ စျေးနှုန်းကွာဟချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ပယ်ဖျက်ခဲ့ပြီး ၂လ အကြာမှာ သတ်မှတ်နှုန်းထားနဲ့ ရောင်းဝယ်ဖို့ အခုလိုပြန်ပြီး အမိန့်ထုတ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013