DVB Logo
Home
မြန်မာသတင်း
စိုင်ပြင်နှင့် ဒီပဲယင်းကြား ရဲကားနှစ်စီး မိုင်းဆွဲခံရ၊ ချောင်းဦးမြို့၌ မိုင်းရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်
DVB
·
November 10, 2021
စိုင်ပြင်နှင့် ဒီပဲယင်းကြား ရဲကားနှစ်စီး မိုင်းဆွဲခံရ၊ ချောင်းဦးမြို့၌ မိုင်းရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီ ရဲကားနှစ်စီး မိုင်းဆွဲခံရပြီး  ချောင်းဦးမြို့နယ်မှာ မိုင်းလာရှင်းစဉ် ပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းကနေ ရေဦးမြို့ကို တာဝန်ပြောင်‌ရွှေထမ်းဆောင်ဖို့သွားတဲ့ စိုင်ပြင်စခန်းမှူးရဲ့ ကားနှစ်စီး ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက် စိုင်ပြင်နဲ့ဒီပဲယင်းကြားမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒီပဲယင်း‌မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြုလုပ်ခဲ့တာလို့ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ကားနှစ်စီးဗျ။ တစ်စီးက‌ လွတ်သွားတယ်။ ပစ္စည်းတွေတင်လာတဲ့ ကားကတော့ မိတယ်။ အဲကား အခုမီးလောင်တယ်။ ဖောကားလို့ အများကခေါ်တာပဲ။ ဘာကားလဲတော့ မသိဘူး မီးကတော့ လောင်နေတာပဲ။”

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၈ ရက်နေ့မှာ လေယာဉ်နဲ့ စစ်သားတွေလာချပြီး ဒေသတွင်းက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ် ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ဗိုလ်ချုပ်ပန်းခြံအနီးမှာလည်း ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက် မိုင်းလာရှင်းစဉ် ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်း ၂ လုံး စစ်ကားနှစ်စီးပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို  Chaung U People’s Defence Force၊ CHU PDF၊ Monywa People Defence Force – MPDF၊ Myaung Special People’s Defense Force - MSPDF၊ 27 Revolution Forces နဲ့ T.G.R (Myaung) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013