DVB Logo
Home
မြန်မာသတင်း
မုံးကိုးဒေသတွင် တပ်စွဲထားသည့် MNDAA တပ်‌ နေရာအချို့ ဆုတ်ခွာ‌မည်
DVB
·
November 10, 2021
မုံးကိုးဒေသတွင် တပ်စွဲထားသည့် MNDAA တပ်‌ နေရာအချို့ ဆုတ်ခွာ‌မည်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသအတွင်း စစ်ရေးတင်းမာမှု လျော့ကျစေလိုတဲ့ ရည်ရွယ်ချက်နဲ့ MNDAA ဗဟိုဌာနချုပ်က မုံးကိုးဒေသမှာရှိတဲ့ သူ့ရဲ့တပ်ခွဲ ၃ ခုကို  သတ်မှတ်နေရာ ၃ နေရာကနေ ဆုတ်ခွာဖို့ အမိန့်ပေးထားတယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီထျန်းဖူက ကိုးကန့်သတင်းဌာနကနေ  ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မုံးကိုးမှ ပန်ဆိုင်းတံတားကြားရှိ စနိုက်ပါတပ်သားချုံခို ပွိုင့်နေရာ ၂ နေရာကိုလည်း ဆုတ်ခွာဖို့ ညွှန်ကြားထားတယ်လို့  နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ် အဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့  ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းဖို့လည်း  MNDAA  ကိုးကန့်တပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

MNDAA ပြောရေးဆို ခွင့်ရှိသူလီထျန်းဖူက “မိမိတို့သည် အကြမ်းဖက်စစ်ကောင်စီအား ရောဂါကာကွယ်ရေး၊ ပြည်သူလူထု လူမှုစီးပွားအဆင်ပြေစေရေး၊ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းရေး၊ နှစ်ဖက်သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကိုသိတတ်ရေး အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပြီး နိုင်ငံတော်အားစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိရေး တိုက်တွန်းနှိုးဆော်တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ရှမ်းပြည်နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲနဲ့  မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်တွေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် MNDAA တို့အကြား ပြီးခဲ့တဲ့ ဩဂုတ်လကတည်းကနေ အခု နိုဝင်ဘာလဆန်းပိုင်းအထိ တိုက်ပွဲ ပြန်လည် ပြင်းထန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကြူကုတ် (ပန်ဆိုင်း) အနီးတဝိုက် တိုက်ပွဲ ပြင်းထန်လာလို့ ရွာပေါင်း ၈ ရွာက ဒေသခံ ထောင်ချီ  တရုတ်နယ်စပ် တလျှောက်မှာ ယာယီ ထွက်ပြေး တိမ်းရှောင်နေရတာလည်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013