DVB Logo
Home
မြန်မာသတင်း
နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာဖောက်သည့် ဝန်ထမ်းအကြီးအကဲ ၁၂၀ ကျော်ကို NUG က အမည် ပျက်စာရင်းသွင်း
DVB
·
November 10, 2021
နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာဖောက်သည့် ဝန်ထမ်းအကြီးအကဲ ၁၂၀ ကျော်ကို NUG က အမည် ပျက်စာရင်းသွင်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာဖောက်တဲ့ ဝန်ထမ်း အကြီးအကဲ ၁၂၀ ကျော် စာရင်းကို ထပ်မံထုတ်ပြန်လိုက်ပြီး အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့  အဆိုပါထုတ်ပြန်ချက်ကိုတော့ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေ အပါအဝင် ဝန်ထမ်းအကြီးအကဲတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို နေအိမ်တွေ ကနေ ဖယ်ရှားတာ၊ ပြန်လည်ပေးဆပ်ဖို့ မလိုတော့တဲ့ ချေးငွေတွေကို ပေးဆပ်ဖို့ စစ်အာ ဏာရှင်အလိုကျ ဖိနှိပ်ခြိမ်းခြောက်နေတဲ့ ဖော်ပြပါ ပညာရေးဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်း ဉပ‌ဒေပုဒ်မ ၄၁ အရ မူလရာထူးတာဝန်တွေကနေ ထုတ်ပယ်ပြီး နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ ကြေညာထားတာပါ။

ဒါ့အပြင် လက်ရှိဖော်ပြထားတဲ့ ရာထူးနေရာတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊  ပ ညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုထားပဲ စစ်ကောင်စီကပေးတဲ့ ရာထူးတွေသာ ဖြစ် ကြောင်းနဲ့ မတရားအာဏာသိမ်းမှုနောက်ပိုင်း ထုတ်ယူထားတဲ့ ပြည်သူ့ဘဏ္ဍာ၊ လစာ၊ အာဏာအလွဲသုံးစားပြုမှုတွေကို တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ကာ ဉပဒေအရ ပေးအပ်တဲ့ ပြစ်ဒဏ်တွေလည်း ကျခံရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အမည်ပျက်စာရင်းသွင်းလိုက်တဲ့ ဝန်ထမ်းတွေထဲမှာတော့ အခြေခံပညာ ဦးစီးဌာန၊ အဆင့် မြင့်ပညာဦးစီးဌာန၊  ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင် ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန၊ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၊ နိုင်ငံခြားပညာသင်ဌာန၊ နည်းပ ညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး ဦးစီးဌာန၊ အဏုမြူစွမ်းအင် ဦးစီးဌာန၊ ဇီဝနည်းပညာသုတေသန ဦးစီးဌာန၊ တည်ဆောက်ရေး အရည်အသွေးဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ စတဲ့ နိုင်ငံ တဝန်း ဌာနတွေ အသီးသီးက အမြဲတန်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန် ကြားရေးမှူးချုပ်တွေအပါအဝင် ဝန်ထမ်းအကြီးအကဲတွေ အသီးသီး ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူ တွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ် နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၅၀ နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၉,၉၄၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013