DVB Logo
Home
မြန်မာသတင်း
မြောင်မြို့၌ စစ်ယာဉ်တန်းအား PDF အဖွဲ့များဗုံးခွဲ၊ နွားထိုးကြီးက ပျုစောထီခေါင်းဆောင် အသတ်ခံရ
DVB
·
November 8, 2021
မြောင်မြို့၌ စစ်ယာဉ်တန်းအား PDF အဖွဲ့များဗုံးခွဲ၊ နွားထိုးကြီးက ပျုစောထီခေါင်းဆောင် အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့ ရဲစခန်းက ထွက်လာတဲ့ ရဲယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ရဲတပ်သား အများအပြားသေဆုံးပြီး နွားထိုးကြီးမြို့ ထန်းခွကျေးရွာမှာ ရှိတဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးခင်မောင်အေးကို ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြောင်ရဲစခန်းထဲက ထွက်လာတဲ့ ရဲကားတစ်စီးနဲ့ဆိုင်ကယ် ၅ စီးကို နိုဝင်ဘာ ၇ ရက် နေ့ နေ့လယ်ပိုင်းက မြင်းခြံ နဲ့မြောင် PDF အဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ PDFအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မြောင်မြို့နဲ့ ခြေရာတော် ကြားအရောက်မှာ မိုင်း ၃ လုံး တွဲ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ PDF အဖွဲ့ဝင်တွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို 27 Revolution Force (မြင်းခြံ)၊ Myaung Special People ‘s Defence Force (MSPDF)နဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောင်မြို့နယ် TGR ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ Black Eagle Defence Force- MMU ၊ Young Fighters People’s Defence Force Of Myaung -YFPDF၊  11Brothers Revolution Force တို့နဲ့ ပူးပေါင်းပြီး မြောင်မြို့နဲ့ ခြေရာတော် ကျေးရွာကြားမှာ တိုက်ခိုက်ခဲ့ကြာလို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ည နေ ၅ နာရီခွဲအချိန်လောက်က ထန်းဂွကျေးရွာက ပျူစောထီး အဖွဲ့ခေါင်းဆောင် ဦးခင်မောင်အေးကို ရှင်းလင်းသုတ်သင်ခံခဲ့ရတယ်လို့ သိရပါတယ်။

Natogyi People Defence Forceက သေနတ်တစ်ချက်နဲ့ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ Natogyi People Defence Force ဟာ နွားထိုးကြီးမြို့နယ် ပဲချက်ကျေးရွာမှာရှိတဲ့ စစ်မှုထမ်းဟောင်း (ထလရ)ဒလန် ဦးသိန်းစိုးကို Revengers Guerrilla Force နဲ့ ပူးပေါင်း ရှင်းလင်းသုတ်သင်ခဲ့တယ်လို့လည်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီယီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013