DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် တန့်ဆည်မြို့နယ်တွင် လင်မယားနှစ်တွဲ အသတ်ခံရ
DVB
·
November 8, 2021
ဘုတလင်နှင့် တန့်ဆည်မြို့နယ်တွင် လင်မယားနှစ်တွဲ အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နှင့်ဘုတလင်မြို့တွေက ဒလန်လို့ လူအများသတ်မှတ်ခံရတဲ့ လင်မယားစုံတွဲ ၂ တွဲ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

နိုဝင်ဘာ ၇ ရက် ည ၇ နာရီလောက်မှာ  တန့်ဆည်မြို့နယ်က သရက်ကုန်းရွာနေ  ဒလန်လို့ သတ်မှတ်ခံရသူ ဇနီးမောင်နှံကို အမည်မသိအဖွဲ့အစည်းတခုက လာရောက်သတ်ဖြတ်သွားသလို နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီကလည်း ဘုတလင်မြို့နယ်၊ပိုးကုန်းကျေးရွာနားမှာ မုံရွာ ပလ္လင်ကုန်းကနေ  ကြက်လာဝယ်တဲ့ လင်မယားနှစ်ဦးလည်း အသတ်ခံလိုက်ရပါတယ်။

သရက်ကုန်းရွာနေ  ကိုချစ်ပို နဲ့ မမိုးလွင်အေးတို့ လင်မယားကို လတ်တလော ဘယ်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

“သူတို့က စစ်တပ်ထောက်ပို့လုပ်တယ်၊ ပစ္စည်းတွေပို့တယ်၊ စားစရာတွေပို့တယ်။ မိန်းမဖြစ်တဲ့သူက လည်း ငါတို့က ဘယ်သူ့မှမကြောက်ဘူးလို့ အော်အော်ပြောနေတတ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြက်လာဝယ်ချိန် ဒီမနက်အသတ်ခံတဲ့ လင်မယားနှစ်ယောက် နေတဲ့ရွာဟာ နမခစစ်တပ်နားက ကျေးရွာ တစ်ရွာဖြစ်ပြီး သူတို့ဟာ စစ်တပ်နဲ့ အဆက်အသွယ်လုပ်တာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒေသခံပိုးကုန်းကျေးရွာသား တစ်ဦးက “ဒီလင်မယားက ဘုတလင်မြို့နယ်ဘက်ကို ကြက်လာဝယ်နေတဲ့ လင်မယားဗျ။ ဒေသတွင်းမှာတော့ ဒလန်လို့ နာမည်ကြီးနေတာ။ လင်မယားနှစ်ယောက်ထဲက ယောင်္ကျားကတော့ နေရာတင်သေတယ်။ အခုအထိ အလောင်းလာ မ ကောက်ကြသေးဘူးဗျ။ မိန်းမကတော့ လွတ်သွားတယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။

အသတ်ခံတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013