DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် မြန်မာရွေးကောက်ပွဲ ၁ နှစ်ပြည့် အမေရိကန် တောင်းဆို
DVB
·
November 8, 2021
ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် မြန်မာရွေးကောက်ပွဲ ၁ နှစ်ပြည့် အမေရိကန် တောင်းဆို
Donate to DVB

မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစာလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်ကြသူတွေနဲ့ အသက်ပေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀  နိုဝင်ဘာ ၈ ရက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာလိုက်တာပါ။ 

ဒီမိုကရေစီရေးကြိုးပမ်းရင် အသက်ပေးခဲ့ကြရသူတွေနဲ့ တခြားသော ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားတယ်လို့လည်းဆိုပါတယ်။

အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အစိုးရသစ်တစ်ရပ်ရွေးကောက်တင်မြှောက်ရန်ဖို့ လွန်ခဲ့သောတစ်နှစ်က ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ရွေးကောက်ပွဲဟာ ရတက်ပွားစရာ တချို့ရှိခဲ့ပေမဲ့  အများကယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့  လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူတွေ အစီရင်ခံခဲ့ကြတယ်လို့ အမေရိကန်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ အာဏာသိမ်းမှုက ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့  ကတိကဝတ်ကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့  အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ကြောင်း စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး မြန်မာပြည်သူလူထုက ပြတ်သားစွာ တောင်းဆိုခဲ့ကာ အခုတိုင်တောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်ဆီသို့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေ နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာဆွီဒင် သံရုံးကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ဖွင့်ဟပြသခဲ့ပြီးဖြစ်တဲ့ မြန်မာပြည်သူပြည်သား အားလုံးတို့ရဲ့ ပြင်းပြသော စိတ်ဆန္ဒတွေကို လေးစားလိုက်နာကာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဖော်ထုတ်ရမယ် သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရမယ့်အပြင်  စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်သူ နိုင်ငံရေး အတိုက်အခံတွေကို  ဖိနှိပ်မှု အမြန်ဆုံး ရပ်တန့်မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀  နိုဝင်ဘာလ ၈ ရက်နေ့က  မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ဆွီဒင်သံရုံး အနေနဲ့ မျက်မြင် လေ့လာခွင့်ရခဲ့ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အံ့ဩချီးမွမ်းဖွယ် ဒီမိုကရေစီသံန္နိဋ္ဌာန်ကို ဆွီဒင်နိုင်ငံက ဆက်လက် ပံ့ပိုး အားပေး နေတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ရာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉၂၀ နေရာ ရာခိုင်နှုန်းအားဖြင့် ၈၂  ရာခိုင်နှုန်းကျော် အနိုင်ရရှိပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013