DVB Logo
Home
မြန်မာသတင်း
သီပေါတွင် တိုက်ပွဲကြောင့် ပြည်သူ ၂၆၀ ခန့် ထွက်ပြေးတိမ်းရှောင်
DVB
·
November 8, 2021
သီပေါတွင် တိုက်ပွဲကြောင့် ပြည်သူ ၂၆၀ ခန့် ထွက်ပြေးတိမ်းရှောင်
1 / 13
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က ရွာအချို့မှာ ‌နိုဝင်ဘာ ၇ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်လောက်ကစပြီး တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ ပြည်သူ ၂၆၀ လောက် သီပေါမြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သီပေါမြို့နယ်မှာ TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာလို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ရွာထဲမှာ ဘယ်လိုအခြေအနေရှိလဲဆိုတာ ဘယ်သူမှ မသွားရဲတဲ့အတွက် မသိရသေးဘူးလို့ ဒေဿခံတဦးက ပြောပါတယ်။

"ဒီမနက် ၅ နာရီ ကတည်းက သူတို့က အသံကြားပြီးတော့ ပြေးလာကြတာ။ ဒီမှာ သူတို့ ၇ နာရီလောက်ရောက်တယ်။ ရွာနားကပ်လာလို့ သူတို့ ပြေးလာတာဟုတ်တယ်။ တပ်ပေါင်းစုနဲ့ RC နဲ့ တိုက်ပွဲဖြစ်တာ။ ချောင်းဆုံ၊ ဟာလျံ၊ မိုးတေ၊ ဆွန်လုံ၊ ကွန်စံလိတ် ရယ်၊ ၅ ရွာရှင့်။" 

နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုသျှားထက်ပိုင်က "အခု အားလုံးပေါင်း ဒီမှာက ၂၅၉ ဦးပေါ့။ အိမ်ထောင်စု ၉၇၊ အားလုံးပေါင်း လူဦးရေက ၂၅၉ ဦး။ အခု ဘိုးတော်ကျောင်း ၁ နေရာမှာပဲ။ အခုလောလောဆယ်မှာ စားသောက်ရေးပေါ့။ စားသောက်ရေးက အဓိက ထားထားတာပေါ့နော်။"

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း တိုက်ပွဲကြောင့် နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ထပ်မံတိမ်းရှောင်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013