DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မင်္ဂလာဒုံထွေအုပ်ရုံး ပစ်ခံရသဖြင့် ၃ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရ
DVB
·
November 7, 2021
မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မင်္ဂလာဒုံထွေအုပ်ရုံး ပစ်ခံရသဖြင့် ၃ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ သမိုင်းခုံးကျော်တံတားအောက်က မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်  အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၇ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

"အမှတ် ၁ ရပ်ကွက်ရုံးကို ဝင်ပစ်တာ။ အချက် ၂၀ လောက်ရှိမယ်။ ၃ ယောက် သေတယ်။ ဝင်ပစ်တဲ့သူတွေတော့ လွတ်သွားတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနရုံးမှာလည်း နိုဝင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ဂိတ်စောင့်စစ်သားတွေ စက်သေနတ်နဲ့ အတွဲလိုက်အပစ်ခံခဲ့ရတကြောင့် ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ရုံဝင်ပေါက်မှာရှိတဲ့ ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၊ ထွေအုပ်အဖွဲ့ဝင် ၂ ဦးနဲ့ ရုံးနားမှာ ဈေးရောင်းတဲ့  အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့  နီးစပ်သူတစ်ဦးက  ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထဲမှာ ဦးခေါင်းနဲ့ လည်ပင်း ထိမှန်ခဲ့သူ နှစ်ဦး စိုးရိမ်ရပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒီနေ့ ရန်ကုန်မှာ အုပ်ချုပ်ရေးမှုးရုံးတွေအပါအဝင် နေရာအတော်များများ စက်သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုတွေ ရှိသလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013