DVB Logo
Home
မြန်မာသတင်း
ကန်ချနပူရီခရိုင်တွင် တရားမဝင် မြန်မာ ၉၇ ဦး ဖမ်းမိ၊ သီတင်းပတ်တွင်း ၃၀၀ ကျော် ဖမ်းခံရ
DVB
·
November 7, 2021
ကန်ချနပူရီခရိုင်တွင် တရားမဝင် မြန်မာ ၉၇ ဦး ဖမ်းမိ၊ သီတင်းပတ်တွင်း ၃၀၀ ကျော် ဖမ်းခံရ
1 / 4
Donate to DVB

တရားမဝင် နယ်စပ်ဖြတ်ကျော်​ကာ ​ထိုင်းကိုဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၇ ဦး ဒီနေ့မနက် ၇ နာရီ ကန်ကျနပူရီခရိုင် ဆိုင်ယို့မြို့နယ်မှာ အဖမ်းခံရပါတယ်။

အလားတူ အခုလ ၄ ရက်ကလည်း အဆိုပါခရိုင်မှာပဲ မြန်မာ ၁၀၂ ဦး ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် ကန်ချနပူရီခရိုင်ထဲမှာလည်း နိုဝင်ဘာ ၁ ရက်က မြန်မာ ၁၂၈ ဦး ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုဝင်ဘာလအစ ပထမပတ်မှာပဲ ဒီဒေသမှာ မြန်မာ ၃၂၇ ဦး ဖမ်းမိခဲ့တာပါ။ အလားတူ မနေ့ကလည်း ကမ်ဖိင်ပက်ခရိုင်မှာ မြန်မာ ၂၃ ဦး တင်လာတဲ့ကား ဖမ်းမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013