DVB Logo
Home
မြန်မာသတင်း
ပြည်တွင် စစ်တပ်က Mask မပါသူများကို ဒဏ်ငွေ ၆၀၀၀ တောင်း၊ မပေးနိုင်ပါက ဖားခုန် ခုန်ခိုင်း
DVB
·
November 7, 2021
ပြည်တွင် စစ်တပ်က Mask မပါသူများကို ဒဏ်ငွေ ၆၀၀၀ တောင်း၊ မပေးနိုင်ပါက ဖားခုန် ခုန်ခိုင်း
Donate to DVB

ပဲခူးတိုင်း ပြည်မြို့ ကိုးသောင်းရပ်ကွက်က ကိုးသောင်းမီးပွိုင့်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက Mask မပါသူတွေကို ဒဏ်ငွေ ၆၀၀၀ တောင်းပြီး ဒဏ်ငွေမပေးဆောင်နိုင်ပါက ဖားခုန်ခုန်ခိုင်း နေတယ်လို့သိရပါတယ်။ 

"နှာခေါင်းစည်းမပါရင် ဒဏ်ငွေ ၆၀၀၀ တောင်းတယ်။ ဒဏ်ငွေကော နှာခေါင်းစည်းကောမပါရင် ဖားခုန်ခုန်ခိုင်းတယ်။ စစ်သားတွေပဲ လက်နက်အပြည့်အစုံနဲ့ ပတ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကိုးသောင်းမီးပွိုင့်မှာ စစ်ကောင်စီတပ်က စစ်သား ၅ ဦးက လက်နက်အပြည့်အစုံနဲ့ပတ်သွားနေပြီး နှာခေါင်းစည်းမပါသူတွေ့ပါက ဒဏ်ငွေတောင်းပြီး ဖားခုန်ခုန်ခိုင်းနေတာလို့ ဆိုပါတယ်။

ကိုးသောင်းမီးပွိုင့်  မူယာပင်ပန်းခြံရှေ့မှာ နိုဝင်ဘာ ၆ ရက်နေ့က  စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကားတွေကအစ အိတ်ကပ်ထဲထိ နှိုက်စစ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013