DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်းရှိ ကိုရီးယားနိုင်ငံသားများကို သံရုံးက Mask နှင့် ကိုဗစ်-၁၉ Test Kit များ ပေးရန် စီစဉ်
DVB
·
July 16, 2021
မြန်မာနိုင်ငံတွင်းရှိ ကိုရီးယားနိုင်ငံသားများကို သံရုံးက Mask နှင့် ကိုဗစ်-၁၉ Test Kit များ ပေးရန် စီစဉ်
Donate to DVB

မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေကို သံရုံးက နှာခေါင်းစည်း Mask တွေနဲ့ ကိုဗစ်-၁၉ Test Kit တွေ ပေးသွားဖို့ ရှိနေတယ်လို့ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဆိုပါ အစီအစဉ်ကိုတော့ လာမယ့် သီတင်းပတ်ထဲမှာ ပေးသွားဖို့ ရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကိုရီးယားနိုင်ငံသား ၃ ယောက် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လတ်တလောအခြေအနေမှာ နေ့စဉ်ရက်ဆက်ဆိုသလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေပြီး သေဆုံးမှုတွေလည်း မြင့်တက်နေတာပါ။

“မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကို သုံးသပ်ရာမှာ နိုင်ငံခြားရေး၀န်ကြီးဌာနအနေနဲ့ ထိခိုက်လွယ်အုပ်စုထဲက ပြည်သူတွေကို နှာခေါင်းစည်း Mask တွေနဲ့ ကိုဗစ်-၁၉ Test Kit တွေ ပေးဝေသွားဖို့ စီစဉ်ထားပါတယ်။”

လာမယ့်တပတ်ထဲမှာတော့ ဝန်ကြီးဌာနက အောက်ဆီဂျင်စက် ၂၆ လုံးကို မြန်မာ နိုင်ငံတွင်းက ကိုရီးယားနိုင်ငံသားတွေဆီ ပို့ဆောင်ပေးသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ကာ စစ်အာဏာသိမ်းမှုကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တော်တော်များများဟာ အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး ဆေးဝါးကုသမှုတွေ ထိန်းချုပ်ကန့်သတ်ခံထားရတာကြောင့် လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းမှာ လူနာတွေ ရောဂါကူးစက်ခံရပြီး သေဆုံးရတာတွေ၊ လိုအပ်တဲ့ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေ၊ ဆေးရုံနဲ့ ဆေးကုသရေးစင်တာတွေ လိုအပ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့နှုန်းတွေ မြင့်တက်နေတဲ့ ရန်ကုန်မှာ နေထိုင်ကြတဲ့ ကိုရီး ယားနိုင်ငံသား ၂ ထောင်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013