DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်၊ Mask မတတ်သူများကို ဒဏ်ရိုက်
DVB
·
February 27, 2022
မြဝတီတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်၊  Mask မတတ်သူများကို ဒဏ်ရိုက်
1 / 4
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုနှုန်း ၃၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာတာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ကစပြီး  မြို့တွင်း ခရီးသွားတွေ Mask မတတ်ပါက ငွေ ၅၀၀ ကျပ် ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်း မြို့ပြင် မိုဘိုင်းဂိတ် ၅ နေရာမှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ စည်ပင်အဖွဲ့တွေက ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Mask မတတ်ပါက ဒဏ်ငွေ ၅၀၀ ကျပ်ဆောင်ခိုင်းပြီး Mask ခု ပြန်ပေးကာ ကိုဗစ်-၁၉ အသိပညာပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်နိုင်ဖို့အတွက် မနက် ၈ နာရီခွဲကနေ ၁၀ နာရီခွဲအထိ ညနေ ၃ နာရီက ၅ နာရီအထိ တစ်ရက်ကို နှစ်ကြိမ် မိုဘိုင်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ စည်ပင်သာယာရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013