DVB Logo
Home
မြန်မာသတင်း
စစ်ကျွန်ပညာရေး ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် တောင်ငူကျောင်းသားများသမဂ္ဂ တောင်းဆို
DVB
·
November 7, 2021
စစ်ကျွန်ပညာရေး ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် တောင်ငူကျောင်းသားများသမဂ္ဂ တောင်းဆို
1 / 6
Donate to DVB

နိုဝင်ဘာလ ၁ ရက်နေ့မှာ  တနိုင်ငံလုံး ကျောင်းတွေပြန်ဖွင့်ဖို့ ကြေညာလိုက်တဲ့ စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားမိဘတွေကို တောင်းဆိုလိုက်ပါတယ်။ 

အခုလို ကျောင်းတွေ ပြန်ဖွင့်တာဟာ ကျောင်းသားတွေရဲ့ ပညာတတ်မြောက်ရေးကို ထည့်သွင်း စဥ်းစားတာ မဟုတ်ဘဲ ကျောင်းသားနဲ့ မိဘတွေကြား မပြေလည်မှုတွေကို ဖန်တီးပြီး တော်လှန်ရေး အင်အားကို လျော့နည်းအောင် ဆောင်ရွက်တာလို့ ဆိုပါတယ်။ 

အကြောင်းတစုံတရာရှိရင် ကျောင်းသားလူငယ်တွေရဲ့ အသက်ကို ဓားစာခံလုပ်ဖို့ ဝန်လေးမှာ မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ဘက်ပေါင်းစုံ ဘေးဒုက္ခ ကျရောက်နိုင်တဲ့ အန္တရာယ်တွင်းကို မပို့ကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။ 

အခုအချိန်ကာလမှာ တနိုင်ငံလုံး အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ကာလ ဖြစ်ပြီး ကျောင်းသားလူငယ်များစွာလည်း ဒီမိုကရေစီအရေးအတွက် ပေးဆပ် တိုက်ပွဲဝင်နေကြတာကြောင့် စစ်အာဏာရှင်လက်အောက်က စစ်ကျွန်ပညာရေးကို ကျောင်းသားရော မိဘပါ ဆန့်ကျင်သပိတ်မှောက်ကြဖို့ လိုအပ်တယ်လို့  တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၆ ရက်နေ့ကလည်း တောင်ငူမြို့နယ်နဲ့ ရေတာရှည်မြို့နယ်က ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်စေလိုကြောင်း photo campaign ပြုလုပ်ပြီး ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။

Photo - တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013