DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က မြန်မာ့ကြက်သွန်ကို ဈေးနှိမ်ပြီး အဝယ်လျှော့ချ
DVB
·
November 6, 2021
ဘင်္ဂလားဒေ့ရှ်က မြန်မာ့ကြက်သွန်ကို ဈေးနှိမ်ပြီး အဝယ်လျှော့ချ
Donate to DVB

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့်နိုင်ငံကို ကြက်သွန်နီ တင်ပို့ရာမှာ အရည်အသွေးမကောင်းတဲ့ ကြက်သွန်တွေ ပါဝင်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကြက်သွန်ကို ဈေးနှိမ်ပြီး အဝယ်လျှော့ချလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ကြက်သွန်ကုန်သည်တစ်ဦးက “အစောပိုင်းက ပစ္စည်းအညံ့တွေ ပါသွားတယ်။ အဲဒီမှာ သူတို့ဘက်က ကုန်သည်တွေလည်း ရှုံးလာတာပေါ့၊ ပစ္စည်းအပျက်တွေများလို့ဆိုပြီး အစောပိုင်းမှာ အဝယ်ရပ်ပစ်လိုက်တယ်။ အခုက ပြန်ဝယ်နေတယ်ဗျ။ ဒါပေမဲ့ ဈေးကတော့ အရင်ဈေးနဲ့မဟုတ်ဘူး။ ရုတ်တရုတ် ဈေးထိုးကျသွားတော့ စရန်ရိုက်ထားပြီး မပို့ရသေးတဲ့ ကြက်သွန်တွေကို  အများစုက မသိမ်းတော့ဘူး။ တချို့ကတော့ ပြန်သိမ်းပေးမယ်။  ဒါပေမဲ့ အနည်းအကျဉ်းပဲ၊ သိမ်းတဲ့သူကလည်း ဈေးပြန်ညှိနေတယ်”  လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကနေတဆင့် ကြက်သွန်တင်ပို့မှု ရပ်တန့်ထားရချိန် ဘင်္ဂလားဒေ့်ရှ်နိုင်ငံရဲ့ အဝယ်လျော့ကျခဲ့လို့ ပြည်တွင်း ကြက်သွန်နီးစျေးနှုန်းက ပြန်လည်ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းက ကြက်သွန်နီ ၁ ပိဿာကို တောင်သူ လက်ရင်းစျေး ကျပ် ၆၀၀၊ ၇၀၀ ဝန်းကျင်ထိ ရှိခဲ့ပေမဲ့ အောက်တိုဘာ တတိယပတ်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ရာမှာ အခုနိုဝင်ဘာ ပထမပတ်မှာတော့ တောင်သူလက်ရင်းစျေးမှာ ကျပ် ၂၅၀ နဲ့သာ စျေးခေါ် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီစျေးက ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ရောက်ရှိနေတာကြောင့်  အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။

ကြက်သွန်စိုက်တောင်သူ တစ်ဦးက “ဒီစျေးက အရာင်းအဝယ်မဖြစ်ပါဘူး။ ကုန်သည်ဘက်က ဖွင့်တဲ့စျေးပေါ့၊ တောင်သူဘက်ကတော့ ဒီစျေးနဲ့ မရောင်းကြပါဘူး၊ အဝယ်ကတော့ ပုံမှန်အတိုင်းရှိနေပါတယ်” လို့  ဆိုပါတယ်။

ကြက်သွန်နီကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး၊ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း အထိုက်အလျောက် စိုက်ပျိုးပါတယ်။ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို အများဆုံး တင်ပို့ပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း အထိုက်အလျောက် တင်ပို့ပါတယ်။ 

မြန်မာနိုင်ငံကနေ အရည်အသွေးကောင်း ကြက်သွန်ကိုသာ ဝယ်ယူလေ့ရှိတဲ့ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ရဲ့ မြန်မာ့ကြက်သွန်ကို ဝယ်ယူမှုကလည်း လတ်တလောမှာ လျော့နည်းသွားတယ်လို့ သိရပါတယ်။ 

၂ နှစ်ဆက်တိုက် အရှုံးပေါ်နေရာကနေ ပြည်ပဝယ်လိုအားတို့နဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစပြီး ပြန်မြင့်တက်တက်လာခဲ့တဲ့ ပြည်တွင်းကြက်သွန်စျေးဟာ အခုလို ပြည်ပဝယ်လိုအား လျော့ကျသွားချိန်မှာ စျေးပြန်လည်ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ပြည်ပအဝယ် ဆက်လက်လျော့ကျနေမယ်ဆိုရင် ပြည်တွင်း ကြက်သွန်နီစျေး အကျစျေးမှာပဲ ဆက်ရှိနေနိုင်တယ်လို့  ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့ရဲ့ ဝယ်လိုအား မြင့်တက်ခဲ့လို့ ပြည်တွင်း ကြက်သွန်နီစျေးဟာ ၁ ပိဿာကို ကျပ် ၄၅၀၀ ဝန်းကျင်အထိ မကြုံစဖူး အမြင့်ဆုံးစျေးတစ်ခုကို ရောက်ရှိခဲ့ပြီး၊ ပြည်ပတင်ပို့မှုမှာလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ သိန်း ၃ သောင်း ဝန်းကျင်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013