DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံတွင် မြန်မာ့သစ်တောအကြောင်း မှတ်တမ်းရုပ်ရှင်ပြ (ရုပ်သံ)
DVB
·
November 6, 2021
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံတွင် မြန်မာ့သစ်တောအကြောင်း မှတ်တမ်းရုပ်ရှင်ပြ (ရုပ်သံ)
Donate to DVB

ယူကေနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံ (COP26 )မှာ မြန်မာနိုင်ငံရှိ ဒေသခံတိုင်းရင်းသားတွေရဲ့ သစ်တောများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တိုကို  နိုဝင်ဘာ ၅ ရက်က ပြသခဲ့တယ်လို့ ယူကေ သံရုံးကနေ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဟာ ယခင်စစ်အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ ပမာဏကြီးမားတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့်  သစ်တောတွေကို ပြန်လည်စီမံခန့်ခွဲထိန်းသိမ်းရာမှာ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကို မီးမောင်းထိုးပြထားပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဒေါက်တာတူးခေါင်နဲ့ ကရင်အမျိုးသား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် စောပေါလ်စိန်ထွားတို့က သူတို့ရဲ့ အတွေးအမြင်တွေကို ဝေမျှခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်း လူပေါင်း ၁ ဒသမ ၆ ဘီလီယံကျော်ဟာ ၎င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောတွေကို မှီခိုအားထားနေရတာဖြစ်ပြီး COP26 ညီလာခံမှာ ယူကေနဲ့ တခြားမိတ်ဖက်အလှူရှင်တွေက ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ သစ်တောမြေအခွင့်အရေးကို ပံ့ပိုးကူညီဖို့နဲ့ သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေက ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို   အောက်တိုဘာ ၃၁ ကစပြီး နိုဝင်ဘာ ၁၂ ရက်အထိ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် စကော့တလန်၊ ဂလပ်စ်ဂေါမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီညီလာခံ တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

ဒီညီလာခံမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကို  ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာခေါင်းဆောင်တွေ၊ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ကြပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီဖို့ ဆွေးနွေးခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013