DVB Logo
Home
မြန်မာသတင်း
ကွမ်းခြံကုန်းတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ တွံတေးတွင် အုပ်ချုပ်ရေးမှူး တိုက်ခိုက်ခံရ
DVB
·
November 6, 2021
ကွမ်းခြံကုန်းတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ တွံတေးတွင် အုပ်ချုပ်ရေးမှူး တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့  စစ်ကား နိုဝင်ဘာ ၅ ရက် မနက်က ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေ၊ ၁၃ ဦး ဒဏ်ရာ ရရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးလောက်ကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ကြောင်းနဲ့ ဒီထက် ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရန်ကုန်တိုင်း ဆက်လုပ်မယ်လို့လည်း ကြေညာထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသားအဖနဲ့ ရာအိမ်မှူး တယောက်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကျွန်းဘက် ကရင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ဝင်းနဲ့ အပေါင်းအပါတွေကို နိုဝင်ဘာ ၄ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ချစ်ဝင်းကို ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာရအောင် လုပ်ခဲ့ပြီး သူ့သားကိုတော့ သေနတ်နဲ့ ပစ်ခတ်ခဲ့ကာ ရာအိမ်မှူး စိန်ကြိုင်ကိုတော့ မျက်လုံးကို ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူး ချစ်ဝင်းရဲ့ သတင်းပေးတာကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်ရုံမက အသက်သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတဲ့အပေါ် အခုလို အရေးယူတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်လို့ အားလုံး ပြည်သူ့ရင်ခွင်ခိုလှုံ နုတ်ထွက်ကြဖို့လည်း သူတို့က သတိပေးထားပါတယ်။

တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လမ်းညွှန်ချက်၊ ဥပဒေ၊ ကျင့်ဝတ်တွေနဲ့အညီ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ဘာသာရေး ခုတုံးလုပ်တဲ့ ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ပူးပေါင်းပါဝင်တာ မလုပ်ဖို့၊ အနီးတဝိုက်မှာ မနေကြဖို့ တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က  ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013