DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး RCSS တပ်ဖွဲ့ဝင် ၁၂ ဦးကို အရှင်ဖမ်းမိဟု TNLA ပြော
DVB
·
November 6, 2021
ကျောက်မဲမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး RCSS တပ်ဖွဲ့ဝင် ၁၂ ဦးကို အရှင်ဖမ်းမိဟု TNLA ပြော
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ  TNLA ၊ SSPP ပူးပေါင်းအဖွဲ့နဲ့  RCSS တို့ နိုဝင်ဘာလ ၄ ရက် ညပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး RCSS ဘက်က ထိခိုက်သေဆုံးအများအပြားရှိခဲ့တယ်လို့ TNLA တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ 

အဲဒီအပြင်  RCSS ရဲ့ တပ်စခန်း ၇ ခုထက်မနည်းကို  TNLA ၊ SSPP ပူးပေါင်းအဖွဲ့ က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တချို့နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS) တပ်ဖွဲ့ဝင် ၁၂ ယောက်ကို  အရှင်ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီနေ့ ညတိုက်ပွဲမှာ RCSS က သူတို့ရဲ့တပ်စခန်းတွေကို မိုင်းထောင်ပြီးစခန်းကို စွန့်သွားခဲ့ကြတယ်လို့  TNLA ဘက်က ပြောပါတယ်။

အဆိုပါတိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး  RCSS ဘက်ကို ဒီဗွီဘီသတင်းဌာက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ကျောက်မဲမြို့နယ်တွင်းမှာ TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013