DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ CDM ပညာရေးဝန်ထမ်း ၃၆၁ ဦးနေရာတွင် စစ်ကောင်စီက အစားထိုးခန့်
DVB
·
November 5, 2021
ဧရာဝတီတိုင်း၌ CDM ပညာရေးဝန်ထမ်း ၃၆၁ ဦးနေရာတွင် စစ်ကောင်စီက အစားထိုးခန့်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ကို အာဏာဖီဆန်ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တဲ့ ပညာရေးဝန်ထမ်းတွေ နေရာတွေထဲက ၃၆၁ နေရာကို  စစ်ကောင်စီက နိုဝင်ဘာလ ၄ ရက်မှာ အစားထိုးခန့်ထားခဲ့တယ်လို့ သိရပါတယ်။

အစားထိုးခန့်ထားတဲ့ အထဲမှာ မြောင်းမြမြို့နယ်က ကြယ်ကလေးများရဲ့ ဂီတမိုးကောင်ကင်အစီစဉ်မှာဆုရရှိခဲ့တဲ့ တေးသံရှင် ဖြူစင်ကျော်နဲ့ ရွှေစင်ဝင်းတို့ရဲ့ အစ်မ ဖြစ်သူ နန့်အိသန္တာကျော်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ခဲ့ CDM ပြုလုပ်ခဲ့တဲ့ ဆရာ ဆရာမတွေနေရာ အစားထိုးခန့်ထားရာမှာ သာမန်ပြည်သူတွေအပြင် စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းကလူတွေလည်း ပါဝင် လာတယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

“တချို့ကျတော့လည်း လိုအပ်လိုဝင်လျှောက်တာရှိပါတယ်၊ ဒါပေမဲ့ ခုလျှောက်တဲ့သူတွေက အရွဲ့တိုက်ပြီး ဝင်လျှောက်ကြတာများတယ်။ နေရာလုချင်တာပေါ့။ ဒါပေမဲ့ သူတို့က အရည်ချင်းမပြည့်မီတော့ ကလေးတွေကို ပညာတက်အောင်သင်ပေးနိုင်မှာ မဟုတ်ဘူး”လို့ CDM ကျောင်းဆရာ တဦးက ပြောပါတယ်။

စစ်ကောင်စီက အစားထိုးခန့်ထားလိုက်တဲ့သူတွေ ပုံမှန်ဆို ဝင်ခွင့်ဖြေရပြီး သက်ဆိုင်ရာ ပညာရေးကောလိပ်က အောင်မြင်ကြောင်း အဖြေထွက်ပြီးမှ ပညာရေးကောလိပ်တက်ရပြီး ခန့်ထားရေးအမိန့်ကျတာဖြစ်တာကြောင့် ခုလို ခန့်ထားတာဟာ သင်တန်းတက်စရာမလိုပဲ ခန့်ထားတာကြောင့် အရည်ချင်းပြည့်မီမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ခုစစ်ကောင်စီကခန့်ထားလိုက်တဲ့သူတွေဟာ အလွယ်နည်းနဲ့ ပွဲလန့်တုန်းဖျာခင်းပြီး ဝင်လာကြသူတွေဖြစ်တာကြောင့် သတ်မှတ်အရည်အချင်းပြည့်မီမှာ မဟုတ်သလို ကလေးတွေလည်း ပညာတက်အောင် သင်ကြားပေးနိုင်မှာ မဟုတ်ဘူးလို့ CDM ဆရာ ဆရာမတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013