DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာတွင် အထက်တန်းပြဆရာမ ၁ ဦးပစ်သတ်ခံရ၊ မရမ်းကုန်းတွင် KBZ ATM ဗုံးကွဲ
DVB
·
November 5, 2021
မြောက်ဥက္ကလာတွင်  အထက်တန်းပြဆရာမ ၁ ဦးပစ်သတ်ခံရ၊  မရမ်းကုန်းတွင် KBZ ATM ဗုံးကွဲ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)ကို စာသင်ပြဖို့သွားတဲ့  အထက်တန်းပြဆရာမ တယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီလမ်းနဲ့ သုဓမ္မာ လမ်းထိပ်မှာ အထက်တန်းပြဆရာမ ဒေါ်လှလှသန်းဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံနီးစပ်သူတွေကပြောပါတယ်။

“ဆရာမက အထက ၂ ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက အထက်တန်းပြဆရာမပါ၊ ဆရာမက အရပ်ဝတ်နဲ့ ကျောင်းတက်နေတာ။ ဒီနေ့မှာတော့ ဆရာမကို အမည်မသိ လူငယ်တစ်ဦးက သေနတ်နဲ့  လုပ်ကြံပစ်သတ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။

ဆရာမဟာ သေနတ် ဒဏ်ရာ ၄ ချက် ရ ရှိသွားတာကြောင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်စဥ် သေဆုံးသွားတာလို့လည်း သိရပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှာ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မရမ်းကုန်းမြို့နယ်မှာတော့ အမှတ် (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာမှာရှိတဲ့ KBZ ဘဏ် ATM စက်မှာ  ဒီနေ့မနက် ၁၀  နာရီလောက်က  ဗုံးပေါက်ကွဲခဲ့ တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စက်ခန်းကို ကာထားတဲ့ မှန်တံခါးနဲ့ မှန်အကာတွေ ကွဲထွက်သွားပြီး စက်အတွင်း ထိခိုက်မှုကိုတော့မသိရှိရသေးပါဘူး။

ပေါက်ကွဲမှုကြောင့်  ထိခိုက်ဒဏ်ရာ ရရှိသူ မရှိပေမဲ့ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013