DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်က နေအိမ် ၁၅ လုံးခန့်ကို ချိပ်ပိတ်၊ စိုက်ပျိုးပြီးဧက ၁၅၀ ခန့် လုပ်ခွင့်ပိတ်ခံရ
DVB
·
November 5, 2021
ရွှေဘိုမြို့နယ်က နေအိမ် ၁၅ လုံးခန့်ကို ချိပ်ပိတ်၊ စိုက်ပျိုးပြီးဧက ၁၅၀ ခန့် လုပ်ခွင့်ပိတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပလိုင်း(ပန်းလှိုင်)ရွာနေ ရွာသား ၁၅ ဦးရဲ့ နေအိမ်တွေကို PDF နဲ့ ဆက်သွယ်ထောက်ပံ့တယ်လို့ဆိုကာ နိုင်ငံပိုင်သိမ်းဆည်းခဲ့တဲ့အပြင် သူတို့ ပိုင်ဆိုင်တဲ့ စိုက်ပြီးသား လယ်ဧက ၁၅၀ ခန့်ကိုပါ လုပ်ခွင့် ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပလိုင်းကို စစ်တပ်စွဲတော့ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NLD ထောက်ခံသူတွေရဲ့ လယ်တွေ မစိုက်ရဘူးလို့ တားတယ်။ ကောက်စိုက်မတွေ မစိုက်ရဲလို့ တက်ပြေးကြရတယ်။ နောက် စိုက်ပျိုးရေးဌာနက မဖြစ်မနေ စိုက်ရမယ်ဆိုလို့ လယ်ပိုင်ရှင်တွေက အလုပ်သမားတွေငှား ပျိုးတွေ ဝယ်ပြီး စိုက်ကြတာပေါ့။ အခုစိုက်ပြီးလို့ သီးနှံပေါ်ခါနီးမှ ရေသွင်း ရေထုတ်ပေါက် မတ်တပ်ရပ်ရင်ကို ထောင် ၇ နှစ်ချမယ်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက နေ့စဉ်ကြေညာနေတာ စိုက်ထားတဲ့ တောင်သူတွေ အခက်အခဲဖြစ်တာပေါ့။ မြေဆီကျွေး ချိန်မကျွေးရနဲ့ ဒီအတိုင်းပြစ်ထားကြရ တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပလိုင်းကျေးရွာမှာ စစ်ကောင်စီက ချိပ်ပိတ်ထားတဲ့ နေအိမ် ၁၅ လုံးခန့်ရှိပြီး သူတို့ပိုင်ဆိုင်တဲ့ စိုက်ပျိုးပြီးသား လယ်ဧက ၁၅၀ လောက်ပါ လယ်လုပ်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာကို ဇူလိုင်လက စပြီး စစ်တပ်က တပ်စွဲခဲ့ကာ ကျေးရွာအတွင်းက ဆိုင်ကယ် အစီး ၅၀ ခန့်နဲ့ စပါးတင်း တစ်သောင်းခန့်ကိုလည်း စစ်ကောင်စီတပ်တွေရဲ့ မတရားယူ ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက် အ.ထ.က ၂ နားမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်းမှာ နေထိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် မမေဇင်ကျော် ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၈ နာရီခွဲလောက်က အထက ၂ နား ဗုံးပေါက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး စစ်တပ်က ရမ်သမ်းပစ်ခတ်တာတွေ လုပ်တယ်။ အနီးအနားအိမ်က အမျိုးသမီးတစ်ဦးကို ဝင်မှန်လို့ သေသွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အ.ထ.က ၂ နားမှာ ကျောင်းဖွင့်ရက် လာစောင့်တဲ့ အကြမ်းဖက်စစ်တပ်ကို TaZe Tiger အဖွဲ့က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၂၂ ရက်ကလည်း ကံထူးမရဲစခန်းအနီး ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်ခဲ့လို့ ကြက်ဆူကန်ရွာသားတစ်ဦး ကျည်ထိ မှန်သေဆုံးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013