ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ သမကုန်း(အပြင်ပဒံ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ နိုဝင်ဘာ ၄ ရက် ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးဖောက်ခွဲမှုကို CGF HTY နဲ့ Spring Revolution Flames (SRF) တပ်ဖွဲ့တို့ပူးပေါင်းပြီး ပစ်မှတ်နေရာမှာ ဗုံး ၃ လုံး ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့ပေမဲ့ ၁ လုံးသာ ဖောက်ခွဲနိုင်ခဲ့သလို ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘူးလို့ CGF HTY အဖွဲ့က ထုတ်ပြန်ပါတယ်။
ဗုံးပေါက်ကွဲရာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးနေပေမဲ့ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ CGF ကဆိုပါတယ်။
ဒါ့အပြင် မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်က မြို့နယ်တရားရုံးကိုလည်း ညနေ ၆ နာရီကျော်က CGF HTY လက်အောက်ခံ တပ်ခွဲ ၃ က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲမှု ပြုလုပ်ခဲ့ သေးတယ်လို့ သိရပါတယ်။