DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားပြီး ရွာသားများရာချီ စစ်ဘေးရှောင်ထပ်မံထွက်ပြေး
DVB
·
November 4, 2021
ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားပြီး ရွာသားများရာချီ စစ်ဘေးရှောင်ထပ်မံထွက်ပြေး
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ဟူးဆွန်ကျေးရွာအုပ်စုထဲမှာ RCSS/SSA နဲ့ SSPP/SSA+TNLA တို့ပါတဲ့ တပ်ပေါင်းစုတို့ကြား တိုက်ပွဲဖြစ်နေပြီး  ရွာအနီးမှာ လက်နက် ကျည်ကျလာတာကြောင့် ရွာသားတွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

မနေ့က တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးတွေဟာ  ဟူးဆွန်အုပ်စု နဲမ်းဆိုင်းကျေးရွာနဲ့ ဟူးဆွန်ရွာနားကျလာလို့  သူတို့မနေရဲတော့ကြောင်း ၊ လာကြိုပေးဖို့ အကြောင်းကြားလာတာနဲ့ ဒီက နေ့မနက် ကျောက်မဲမှာရှိတဲ့ ပရဟိတအသင်းအဖွဲ့အကုန်လုံးက ကားအစီးရေ ၃၀ လောက်နဲ့ သွားကြိုခဲ့ကြတယ်လို့ နမ့်ခုံးသာရေးနာရေးအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းလုံက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့မနေရဲတော့ဘူးဆိုလို့ ကျနော်တို့ကျောက်မဲကရှိသမျှပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့တွေ ကျနော်တို့ နမ့်ခုံးအဖွဲ့ရော၊ ကမ့်လင့်လက်များအဖွဲ့၊ ကျောက်မဲနာကူအဖွဲ့ ၊ ဖိုက်စတားအဖွဲ့ စသဖြင့်ပေါ့ ရှိသမျှအကုန်ပါဘဲ ကားအစီးပေါင်း ၂၈ - ၂၉ စီးလောက် သွားကြိုလာကြတယ်။ အဲဒီအုပ်စုက ကျောက်မဲမြောက်ဘက် ၁၅ မိုင်လောက်ဘဲဝေးတယ်ဆိုပေမယ့် တောင်ပေါ်လမ်းဆိုတော့ ခက်ခက်ခဲခဲ သွားရတယ်။ ကားနဲ့တက်လို့မရတဲ့ရွာတွေဆို တောင်ခြေကနေစောင့်ပြီး ခြေလျင်သွားကြိုရတာပေါ့   ”

တိုက်ပွဲရှောင်လာရတဲ့ရွာသားတွေဟာ ဟူးဆွန်ကျေးရွာအုပ်စု ဟူးဆွန် ၊ နဲမ်းဆိုင်း ၊ ပုန်းလုံ ၊ ပုန်းနွဲ့ ၊ ဝမ်တုံ ၊ ကြိမ်ကိုင် ၊ တွန်ဟိတ် စတဲ့ရွာတွေကဖြစ်ပြီး လောလောဆယ် ပထမအသုတ်က လူပေါင်း ၂၀၀ ကျော်ကို မန်ခါကျေးရွာမှာလည်းကောင်း၊ ၃၀၀ ကျော်ကို ကျောက်မဲ ရှမ်းစာပေယဉ်ကျေးမှု အသင်းတိုက်မှာ လည်းကောင်း နေရာချထားပေးပြီး နောက်တ သုတ် ထပ်သွားကြိုနေကာ စုစုပေါင်း ၁၀၀၀ ကျော်မယ်လို့ သူကဆက်ပြောပါတယ်။ 

ကျောက်မဲမြို့နယ်ထဲမှာ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၃ - ၄ လကတည်းက ရောက်နေတဲ့ စစ်ဘေး ရှောင် ၅၀၀ လောက်ကျန်ရှိနေပြီး  အခုနောက်ထပ်ရာနဲ့ချီရောက်လာတဲ့အတွက် အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေလို့ စေတနာရှင်တွေအနေနဲ့ ကျောက်မဲက ပရဟိအသင်းအဖွဲ့တွေဆီ ဆက်သွယ်ကူညီပေးဖို့ ဦးစိုင်းလုံက ပြောပါတယ် ။ 

RCSS/SSA  တပ် နဲ့ SSPP/SSA+TNLA တို့ပါတဲ့ တပ်ပေါင်းစုတို့ဟာ နယ်မြေစိုးမိုးမှုပြဿနာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစ ဒီကနေ့ထိ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာရော ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာပါ တိုက်ပွဲတွေ မကြခနဖြစ်ပွါးနေတာပါ ။ 

ကျောက်မဲ စစ်ဘေးရှောင်များကူညီနိုင်သော ဖုံးနံပါတ်အချို့ - 

နမ့်ခုံးသာရေးနာရေးအသင်း -  ၀၉ ၇၅၆၈ ၆၆၃၆၆ /  ၀၉ ၇၉၂၄၅၇၉၆၉ / ၀၉ ၇၈၈၁၄၄၁၂၀ / ကျောက်မဲရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၀၉ ၂၅၉၂ ၅၂၀၄၂ / ၀၉ ၆၈၇၆၆၉၃၅၂ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013