DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်ကောင်စီတပ် RPG ဖြင့် တိုက်ခိုက်ခံရ၊ မုံရွာက ရဲ ၁ ဦးကို PDF က ပစ်သတ် (ရုပ်သံ)
DVB
·
November 4, 2021
တန့်ဆည်တွင် စစ်ကောင်စီတပ် RPG ဖြင့် တိုက်ခိုက်ခံရ၊ မုံရွာက ရဲ ၁ ဦးကို PDF က ပစ်သတ် (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ RPG နဲ့ တိုက်ခိုက်ခံရပြီး မုံရွာမြို့က ရဲတပ်သားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာ စိုက်ပျိုးရေးရုံးအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို နိုဝင်ဘာ ၃ ရက်နေ့လယ် ၁ နာရီခန့်လောက်မှာ Taze People Comrades- TPC က RPG နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို TPC နဲ့ CAF အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေး‌ရဲဘော်တွေဘက်က အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ TPC တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကလည်း နဘတ်ကြီး မယ်တော်နန်းအနီးမှာ စစ်ကောင်စီယာဉ်တန်းကို TPC က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာလည်း ရဲတပ်သားတစ်ဦး နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီလောက် သေနတ် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

PDF-South Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက “အဲဒီပစ်ခတ်တာဟာ ကျနော်တို့လုပ်ဆောင်တာဗျ။ သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တယ်။ နေရာမှာတွင်ပွဲချင်းပြီးသေဆုံးတယ်။ ကျနော်တို့  ရဲစီက လက်နက်ပါမလားဆိုပြီးရှာဖွေတာတွေ လုပ်ခဲ့တယ်။ဒါပေမဲ ရဲဝန်ထမ်းမှတ်ပုံတင်ကတ်လေးပဲတွေ ရတယ်” လို့ ပြောပါတယ်။

PDF-South Monywa အဖွဲ့ဟာ နိုဝင်ဘာ ၃ ရက်နေ့က မုံရွာမြို့ပေါ်က မိုင်တဲလ်ရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ဆည်မြောင်းရုံးတို့ကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပစ်ခတ်မှုတွေ ပြုလုပ်ရတာဟာ မုံရွာမြိုပေါ်မှာ လှုပ်ရှားနေတဲ့ သံမဏိအဖွဲ့ကို စစ်ကောင်စီ တပ်တွေက ပိုက်စိတ်တိုက်ရှာဖွေနေတာကြောင့် ပြုလုပ်ရတာလို့ PDF-South Monywa အဖွဲ့က ပြောပါတယ်။

Video Credit-TPC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013