DVB Logo
Home
မြန်မာသတင်း
မင်းကင်း၊ ရွှေဘိုတို့တွင် အပြစ်မဲ့ပြည်သူနှင့် NLD ထောက်ခံသူများ မတရားဖမ်းဆီးခံနေရ
DVB
·
November 4, 2021
မင်းကင်း၊ ရွှေဘိုတို့တွင် အပြစ်မဲ့ပြည်သူနှင့် NLD ထောက်ခံသူများ မတရားဖမ်းဆီးခံနေရ
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မင်းကင်းမြို့နယ်တို့မှာ အပြစ်မဲ့ပြည်သူတွေနဲ့ NLD ထောက်ခံသူတွေကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသ တောင်စာရေးရွာက ကိုဟိန်ကိုနဲ့ ကိုအောင်ဟိန်းတို့ နှစ်ဦး ရွာဘေးကချောင်းမှာ ငါးမျှားနေစဉ် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ  စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာဘေးကချောင်းမှာ ငါးမျှားနေတုန်း လာဖမ်းသွားတယ်လို့တော့သိ ရတယ်ဗျ။ ဘယ်ကြောင့်ဖမ်းစီးသွားတယ်ဆိုတာ မသိရဘူး။”

ရွှေဘိုမြို့နယ်က အပြစ်မဲ့ပြည်သူတွေနဲ့ NLD ထောက်ခံသူတွေကို လက်နက်တွေနဲ့ဓာတ်ပုံရိုက်ပြီး စစ်ကောင်စီကနေ PDF နဲ့ PDF ထောက်ပံ့သူတွေဆိုပြီး မတရားစွပ်စွဲဖမ်းဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ အောင်ဇေယျာလူမှုကူညီရေးအသင်းကိုဝင်စီးပြီး အသင်းသားအချို့ကိုလည်း PDF လို့ စွပ်စွဲတယ်။ ကူတို့ဆိပ်ရွာက NLD ဥက္ကဋ္ဌ တစ်ဦးနဲ့ သာမာန်ပြည်သူတစ်ဦးကိုည်း PDF ဆိုပြီး စွပ်စွဲခံရပြန်တယ်။ တကယ်လုပ်နေတဲ့သူတွေဖမ်းလို့ မမိတော့ သာမာန်ပြည်သူတွေနဲ့ NLD နဲ့ပတ်သက်သူတွေကို ပစ်မှတ်ထားပြီး စွပ်စွဲ ပုဒ်မတပ်နေကြတယ်။”

အလားတူ ရန်ကုန်ကို အလုပ်သွားလုပ်မယ့် ခင်ဦးမြို့နယ်က လူငယ် ၄ ဦးကိုလည်း အထောက်အထားပြပေမယ့် PDF သင်တန်းဆင်းလာတယ်လို့ဆိုပြီး ကားဂိတ်မှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အသတ်ခံရသူ ၂၀ ကျော်နဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူပေါင်း ၁၀၀ ကျော်၊ ရွှေဘိုမြို့နယ်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး PDF နဲ့ ဆက်နွှယ်သူ၊ PDF ထောက်ပံ့သူ၊ PDF လို့ပြီး အပြစ်မဲ့ပြည်သူနဲ့ NLD ထောက်ခံအားပေးသူ ၃၀ လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

Photo-စစ်လော်ဘီ Page ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013