DVB Logo
Home
မြန်မာသတင်း
၁ လအတွင်း စစ်အုပ်စုက NLD ပါတီရုံး ၁၀ ရုံးထက်မနည်း ဖျက်ဆီးခဲ့ဟု အေအေပီပီထုတ်ပြန်
DVB
·
November 4, 2021
၁ လအတွင်း စစ်အုပ်စုက NLD ပါတီရုံး ၁၀ ရုံးထက်မနည်း ဖျက်ဆီးခဲ့ဟု အေအေပီပီထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာ တလတာအတွင်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရုံး ၁၀ ရုံးထက်မနည်း ဖျက်ဆီးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူ့ထောက် ခံမဲအများဆုံးရရှိခဲ့တဲ့ NLD ပါတီရဲ့ ပါတီရုံးတွေ၊ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကို ပစ်မှတ် ထားတိုက်ခိုက်နေတာဖြစ်ပြီး ပါတီရုံးခြံစည်းရိုး၊ တံခါး၊ ဆိုင်းဘုတ်၊ ဗီနိုင်းနဲ့ အလံတွေကို ရိုက်ချိုးဖျက်ဆီးပစ်တာတွေအပြင် ရုံးခန်းအတွင်း ဝင်ရောက်ကာ ပစ္စည်းတွေ ဖျက်ဆီး ယူငင်တာ၊ မီးကွင်းပစ်တာ၊ ဗုံးပစ်ထည့်တာ၊ ဖောက်ခွဲဖျက်ဆီးတာ စတဲ့ပုံစံတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီအဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်၊ ဆေးရုံ၊ နေအိမ်ဆိုင်ခန်းတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက မတရား သိမ်းဆည်းချိတ်ပိတ်မှုတွေ လုပ်ဆောင်နေပြီး အောက်တိုဘာလအတွင်း အနည်းဆုံး ၂၅ ခု ထက်မနည်း ကျူးလွန်ခဲ့ကြတယ်လို့ အေအေပီပီက ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်မှုတွေဟာ မတရားအာဏာလုယူမှုလ ပေါင်း ၉ လ ကြာလာတဲ့အချိန်ထိ ဆထက်တိုးပြီး ပိုမိုဆိုးရွားလာနေခဲ့ကာ မြို့ရွာတွေအတွင်း အကြမ်းဖက်ဝင်ရောက်စီးနင်းတာတွေ၊ လက်နက်နဲ့ပစ်ခတ်တာတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားထိခိုက်နစ်နာခံစားရမှုတွေလည်း တိုင်းနဲ့ ပြည်နယ်အနှံ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၊ ဖလမ်းမြို့နယ်နဲ့ မင်း တပ်မြို့နယ်အတွင်းရှိ ကျေးရွာတွေက ဘုရားကျောင်း ၁ လုံးနဲ့ အိမ်ခြေအလုံး ၄၀၀ ထက် မနည်း မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က ငြင်းဆန်ထားပေမယ့် စစ်အုပ်စုအမာခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူကတော့ လူမှုကွန်ရက်စာမျက် နှာပေါ်ကတဆင့် ထန်တလန်ဖြစ်စဉ်ကို နမူနာယူကြဖို့ ပြည်သူလူထုကို ခြိမ်းခြောက်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် တလအတွင်း ဖမ်းဆီးမှုအနေနဲ့လည်း အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ စစ်အုပ်စုရဲ့ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း ၃၁၉ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးအယောက် ၈၀ နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၉ ယောက်၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၂၇ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ  အာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၃၆ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၆၆၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013