DVB Logo
Home
မြန်မာသတင်း
ရတနာပုံ နည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 3, 2021
ရတနာပုံ နည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) 5th Batch မှ Advanced Materials Engineering (အဆင့်မြင့်ဒြပ်ပစ္စည်း အင်ဂျီနီယာ) မေဂျာ တက်​ရောက်​နေ​တဲ့ ကျောင်းသား  ကိုမျိုးသူနိုင်ကို နိုဝင်ဘာ ၂  ရက် ညသန်းခေါင်လောက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုမျိုးသူနိုင်ကို မိတ္ထီလာမြို့ရှိ နေအိမ်မှာ အကြမ်းဖက် စစ်​ကောင်စီ တပ်သား ၂၀​ ကျော် က လာ​ရောက် ဖမ်းဆီး​ခေါ်​ဆောင်သွားတာဖြစ်ပြီး ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။

ကိုမျိုးသူနိုင်ရဲ့ အခန်းထဲက စာရွက်စာတမ်းတွနဲ့ လက်ကိုင်ဖုန်းတွေကိုလည်း မွှေ​နှောက်ရှာ​ဖွေ သိမ်းဆည်းသွားတယ်လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013