DVB Logo
Home
မြန်မာသတင်း
သတင်းသမားများအပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန် UNESCO တောင်းဆို
DVB
·
November 3, 2021
သတင်းသမားများအပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန် UNESCO  တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းတွေအပေါ် စစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က  တောင်းဆိုလိုက်ပါတယ်။ 

နိုဝင်ဘာ ၂ရက်နေ့မှာ ကျရောက်တဲ့ “သတင်းသမားတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတာတွေ ပပျောက်ရေးနေ့” မှာ UNESCO က တောင်းဆိုလိုက်တာပါ။ 

မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် မီဒီယာသမားတွေအတွက် စိုးရိမ်ထိတ်လန့်စရာ အခြေအနေတရပ် ပေါ်ပေါက်နေပြီး သတင်းအချက်အလက်တွေ၊ သဘောထားအမြင်၊ အယူအဆတွေကို လွတ်လပ်စွာ ဖြန့်ဝေမှုတွေမှာလည်း အဟန့်အတား ဖြစ်နေတယ်လို့ UNESCO က ပြောလိုက်ကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ ဖာရန်ဟတ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၉ လတာ ကာလအတွင်း သတင်းသမား ၁၂၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၇ ယောက် အပါအဝင် အနည်းဆုံး ၄၇ ယောက်ဟာ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ ၉ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ၂၀ ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသလို အရေးယူခံခဲ့ရတဲ့ မီဒီယာလုပ်ငန်း ၄ ခုနဲ့ စီးနင်းရှာဖွေခံရတဲ့ သတင်းဌာန ၉ ခု ရှိတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013