DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ၂ လအတွင်း ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော်နှင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၁၀၀ ခန့်ရှိ
DVB
·
November 2, 2021
ရန်ကုန်တွင် ၂ လအတွင်း ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော်နှင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၁၀၀ ခန့်ရှိ
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းထဲမှာ အကြမ်းဖက်စစ်ကောင်စီပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၁၀၀ လောက် လုပ်နိုင်ခဲ့တယ်လို့  ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က  ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကို စက်တင်ဘာလထဲမှာ ဖွဲ့စည်းပေးခဲ့ပြီး ပြည်သူ့ခုခံစစ်တင်ချိန်ကစလို့ တိုင်းထဲက ပြည်သူ့ တော်လှန်ရေး အင်အားစုတွေကို စုစည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ၉၉ ကြိမ်လုပ်ခဲ့ပြီး ထောက်ကြန့် လှော်ကားလမ်းဆုံနားက တပ်မ ၇၇ လက်အောက်ခံ ၁၀၆ တပ်ရင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ သာကေတမြို့မရဲစခန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စမ်းချောင်းမြို့နယ်၊ ဗားဂရာမီးပွိုင့်က ရဲကင်းဘန်ကာကို ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လှိုင်သာယာဘုရားလမ်းမီးပွိုင့်နားမှာ ကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တာ၊ ကွမ်းခြံကုန်းနဲ့ လက်ခုပ်ကုန်းဆက်လမ်းပေါ်မှာ ကင်းလှည့်ယာဉ် ၄ စီးကို မိုင်းခွဲပစ်ခတ်တာ၊ မြောက်ဒဂုံမြို့နယ် ဗထူးတံတားထိပ် ဘန်ကာကို ပစ်ခတ်တာ၊ ဗိုလ်တထောင်ဈေးလမ်းမီးပွိုင့်နားက ဘန်ကာကို ပစ်ခတ်တာ၊ သန်လျင်မြို့နယ်၊ ကျောက်တန်းလမ်းပေါ်မှာ စစ်ကောင်စီယာဉ်ကို ပစ်ခတ်တာတို့ကို ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက်သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးတော့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၉ ရဲတပ်ရင်းမှာ ဗုံး ခွဲတိုက်ခိုက်တာ၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနဲ့ ဗားကရာလမ်းဆုံနားမှာ စစ်ကောင်စီ ကင်းလှည့်ယာဉ်ကို ဗုံးခွဲတာ၊ ဗဟန်းမြို့နယ် ရဲစခန်းကို ဗုံးခွဲတာ၊ ဘုရင့်နောင်တံတားအောက်မှာ ကင်းလှည့်ယာဉ်ကို ဗုံးခွဲတာ၊ သာကေတမြို့နယ်၊ ရေတပ်စခန်းရှေ့မှာ ဗုံးနှစ်ဆင့် ဖောက်ခွဲတာ စတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဖောက်ခွဲ တိုက်ခိုက်တာတွေကြောင့် ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၉ ယောက် သေဆုံးပြီး ဒုရဲမှူး ၁ ယောက်၊ ဗိုလ်ကြီး ၁ ယောက်အပါအဝင် အနည်းဆုံး စစ်ကောင်စီတပ်သား ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က စစ်ရေးပစ်မှတ်တွေကို စနစ်တကျ ရွေးချယ်ပြီး ပျံလွှားအောင် စစ်ဆင်ရေးနဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၂၅၆ ကြိမ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို ခုခံတွန်းလှန်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013